Sales Hotline : 09448001653       Download App



တက္ကသိုလ်များတွင် နက္ခတ္တဗေဒနှင့် ရူပနက္ခတ္တဗေဒဘာသာရပ်များကို သင်ကြားနိုင်ရေးဆွေးနွေး

တက္ကသိုလ်များတွင် နက္ခတ္တဗေဒနှင့် ရူပနက္ခတ္တဗေဒဘာသာရပ်များကို သင်ကြားနိုင်ရေးဆွေးနွေး

ရေးဆွဲနိုင်ရေး စတင်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

ဆွေးနွေးပွဲက ရရှိလာသည့် အကြံပြုချက်များကို အခြေခံကာ ရန်ကုန်တွင်လည်း ဆွေးနွေးပွဲထပ်မံပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်ကအတည်ပြုချက်ရပါက လာမည့် ပညာသင်နှစ်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် စတင်သင်ကြားနိုင်စေရန် ကြိုးစားသွားမည်ဟု မန္တလေးတက္ကသိုလ် ရူပဗေဒဌာနပါမောက္ခ/ဌာနမှူး ဒေါက်တာ လဲ့လဲ့ဝင်းက ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ယင်းဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းသစ်များ ရေးဆွဲနိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တွင်ရှိသော တက္ကသိုလ် ၃၆ ခုမှ ပါမောက္ခများ၊ ဌာနမှူးများ ပါဝင်သည့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်က မန္တလေးတက္ကသိုလ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

Source: Internet

News Read 1580 times