Sales Hotline : 09448001653       Download App



အလယ်တန်းကျောင်းသားများကို ပုံပြင်ရေးနည်းသင်ပေးမည်

အလယ်တန်းကျောင်းသားများကို ပုံပြင်ရေးနည်းသင်ပေးမည်

တစ်နိုင်ငံလုံးတွင် ကလေးသူငယ် အခွင့်အရေး အပြည့်အ၀ ရရှိစေပြီး လူကုန်ကူးမှု လျော့နည်းသွားစေရန်နှင့် ကလေးငယ်များအတွက် စာဖတ်နှုန်း မြှင့်တင်ပေးရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းများကို ထားဝယ်၊ သံတွဲ၊ လားရှိုး၊ ရန်ကုန်၊ ဖျာပုံ၊ တောင်ကြီးနှင့် လွိုင်ကော်မြို့နယ်များမှ ကျောင်းများတွင် သင်ကြားမည်ဖြစ်ပြီး Third Story အဖွဲ့နှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်သည်။

သင်တန်းများကို လာမည့် အောက်တိုဘာလ ကျောင်းပိတ်ရက်တွင် ဖျာပုံမြို့၌ စတင်ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းပထမရက်တွင် ကလေးသူငယ် အခွင့်အရေးအကြောင်းကို ဂိမ်းများ၊ ပုံပြင်များ၊ ပုံပြင်စာအုပ်များဖြင့် သင်ပေးမည်ဖြစ်သည်။

အခြေခံပညာကျောင်းများရှိ မူလတန်းပြဆရာဖြစ်လက်မှတ်မရှိသည့် ဆရာ၊ ဆရာမ ၂၈,၀၀၀ ကျော်အား သင်တန်းပေးမည်

ဒုတိယရက်တွင် ပုံပြင်ရေးနည်းများ သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းတစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်နိုင်မည်ဖြစ်ပြီး ပဉ္စမတန်း၊ ဆဌမတန်းနှင့် သတ္တမတန်း ကလေးများကို အဓိက သင်ကြားပေမည်ဖြစ်သည်။

ထိုသင်တန်းများ ဖွင့်လှစ်နိုင်ရန်နှင့် စာအုပ်များ ထုတ်ဝေနိုင်ရန် ကမ္ဘောဇဘဏ်က ကျပ်သိန်း ၃၉၀ ကျော်အပြင် သင်တန်းကာလအတွင်း ကလေးများကို ကျွေးမွေးရန်၊ သင်တန်းဆရာများအတွက် ခရီးစရိတ်များ၊ နေထိုင်စရိတ်များကို အဓိက ကူညီပံ့ပိုးပေးကြောင်း Third Story အဖွဲ့ထံမှ သိရသည်။

Third Story အဖွဲ့အနေနှင့် ယခုနှစ်တွင် သင်တန်းစုစုပေါင်း ၁၂ ခု ဖွင့်ရန် စီစဉ်ထားပြီး သင်တန်းငါးခုကို ရန်ကုန်မြို့ တောင်ဒဂုံ ၇၂ ရပ်ကွက်မှ စာကြည့်တိုက်၊ မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပခုက္ကူ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ကလေးမြို့ရှိ Falam Baptist School၊ မြစ်ကြီးနား ညောင်နှစ်ပင် စာကြည့်တိုက်တို့တွင် ပြုလုပ်ခဲ့ပြီး ယင်းသင်တန်း ငါးခုမှ ကလေးငယ်များ ကိုယ်တိုင် ရေးသားထားသော ပုံပြင် ၂၀၀ကျော်ထဲမှ ရွေးချယ်၍ ပုံပြင်စာအုပ်လေးအုပ်ကို ထုတ်ဝေခဲ့သည်။

ထုတ်ဝေပြီးသော စာအုပ် ၁၂၀၀ ကျော်ကို မြန်မာနိုင်ငံအတွင်း မြို့နယ် ၇၀ မှ စာပေနှင့် အဆက်အသွယ် မရှိသော ဆင်းရဲနွမ်းပါး မူလတန်းကလေးငယ်များကို လှုဒါန်းခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: the voice Myanmar

News Read 1901 times