Sales Hotline : 09448001653       Download App



အဝေးသင်တက္ကသိုလ် အနီးကပ်ပို့ချသင်တန်းနှင့် စာမေးပွဲကျင်းပမည့်ရက် အသေးစိတ်အစီအစဉ်ကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ကြေညာထားမည်

အဝေးသင်တက္ကသိုလ် အနီးကပ်ပို့ချသင်တန်းနှင့် စာမေးပွဲကျင်းပမည့်ရက် အသေးစိတ်အစီအစဉ်ကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ကြေညာထားမည်

ထို့ပြင် ဒုတိယအသုတ် အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ အထူးပြု ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နဲ့ ပဉ္စမနှစ် ဥပဒေပညာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနီးကပ်ပို့ချ သင်တန်းတွေကတော့ အောက်တိုဘာ ၁၅ ရက်ကနေ ၂၄ ရက်ထိဖြစ်ပြီး အတန်းတင် စာမေးပွဲတွေကတော့ အောက်တိုဘာလ ၂၇ ရက်ကနေ နိုဝင်ဘာလ ၇ ရက်ထိ ကျင်းပသွားမည် ဖြစ်ပါသည်။

READ - တက္ကသိုလ်အပြောင်းအရွှေ့ သတ်မှတ်ဦးရေ မပြည့်သေးမှသာ စဉ်းစားမည်

အလားတူ တတိယအသုတ်ဖြစ်တဲ့ မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံ အထူးပြု ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူတွေ၊ မြန်မာစာ၊ မြန်မာမှုပညာ၊ ရသစာပေ အရေးအသား၊ သမိုင်း၊ စီးပွားရေး၊ ပြည်သူ့ရေးရာ၊ အိမ်တွင်း စီးပွားစီမံ အထူးပြု တတိယနှစ်နဲ့ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနီးကပ်ပို့ချ သင်တန်း တွေကတော့ နိုဝင်ဘာလ ၉ ရက်ကေ န ၁၉ ရက်ထိ သင်ကြားပေးမှာဖြစ်ပြီး အတန်းတင်စာမေးပွဲတွေကို နိုဝင်ဘာ ၂၂ ရက်ကနေ ၃၀ ရက်ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

စာမေးပွဲများကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ သက်ဆိုင်ရာ ဌာနခွဲများတည်ရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ဖြေဆိုရမှာဖြစ်ပြီး အသေးစိတ် အစီအစဉ်ကြေညာချက်တွေကို တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 2355 times