Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး၌ စာမေးပွဲဖြေဆိုခွင့်ဖောင်များ တင်ကြရာတွင် သတိပြုစရာ ဆောင်ရန်၊ ရှောင်ရန်များ

တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး၌ စာမေးပွဲဖြေဆိုခွင့်ဖောင်များ တင်ကြရာတွင် သတိပြုစရာ ဆောင်ရန်၊ ရှောင်ရန်များ

၂. ဓာတ်ပုံနှစ်ပုံကို ကာလာအရောင် (သို့မဟုတ်) အဖြူအမည်း တစ်လက်မ (သို့မဟုတ်) တစ်လက်မခွဲ ပတ်လည် အရွယ်အစားကို သတ်မှတ်ထားသော နေရာတွင် ကပ်ရပါမည်။

၃. ဖြေဆိုမည့်သူသည် နှစ်တက် (Fresher) ဖြစ်လျှင် န၀မတန်း ခုံအမှတ်နှင့် ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းအမည်နှင့် မြို့နယ်တို့ကို တိတိကျကျ ဖော်ပြရပါမည်။ ဖြေဆိုသူသည် နှစ်ကျ (Repeater) ဖြစ်လျှင် န၀မတန်းခုံ အမှတ်အပြင်၊ မနှစ်က ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်း ခုံအမှတ်နှင့် စာစစ်ဌာနမြို့နယ်တို့ကို ဖြည့်စွက်ရမည်။ အကြောင်းအမျိုးမျိုးကြောင့် ခုံအမှတ်တို့ကို မေ့လျော့နေပါက မိမိဖြေဆိုခဲ့သည့် မြို့နယ်ပညာရေးမှူးရုံးတွင် စုံစမ်းနိုင်ပါသည်။

READ - တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြားတွေမှာ မှားယွင်းမှုရှိရင် သင်္ကြန်မတိုင်မီ ပြင်ခွင့်ပြုမည်

၎. ဖြည့်စွက်ချက် အမှားအယွင်းရှိပါက တာဝန်ရှိသူမှ လိုအပ်ချက်များကို တောင်းခံနိုင်ရန် ဖောင်၌ ဖုန်းနံပါတ် ဖြည့်သည့်နေရာတွင် မိမိအား အချိန်မရွေး ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ကိုသာ ဖြည့်စွက်ပေးစေချင်ပါသည်။

၅. ဖြေဆိုခွင့်ကတ်ပြားအစိမ်း (သို့မဟုတ်) ပန်းရောင်ပေါ်တွင် မည့်သည့်အမှားကိုမျှ မပြုလုပ်ရပါ။ မှားခဲ့သော အမှားနေရာကို Correction Pen ဖြင့် လုံးဝမပြင်ရပါ။ အရမ်းအရေးကြီးပါသည်။

၆. ထို့ကြောင့် မူရင်းဖောင်ကို မဖြည့်မီ အရင်ဦးဆုံး ဖောင်စာရွက်နှင့် ကတ်ပြားတို့ကို မိတ္တူကူးထားသင့်ပါသည်။ ပြီးမှ ထိုမိတ္တူစာရွက်ပေါ်တွင် တိတိကျကျ ဖြည့်စွက်ပြီး နားလည်တတ်ကျွမ်းသူ တစ်ဦးဦး၊ ဆရာ၊ ဆရာမ၊ ကျောင်းစာရေး၊ မြို့နယ် ပညာရေးမှူးရုံးမှ အတွေ့အကြုံရှိသူ တစ်ဦးဦးအား ပြသပြီးမှ မူရင်းဖောင်နှင့် ဖြေဆိုခွင့် ကတ်ပြားပေါ်တွင် ဖြည့်စွက်သင့်ပါသည်။

၇. မိမိဖြေဆိုမည့် ဘာသာတွဲကို ဖြည့်စွက်ရာတွင် ဇီဝဗေဒဘာသာတွဲ၊ ဘောဂဗေဒ ဘာသာတွဲ စသည်တို့ကို မှားယွင်းစွာ မဖြည့်မိဖို့ လုံးဝ (လုံးဝ) အရေးကြီးပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2883 times