Sales Hotline : 09448001653       Download App



အစိုးရစာသင်ကျောင်းများမှ တိုင်းရင်းသားစာပေ ဆရာ၊ ဆရာမများကို ယခုနှစ်မှစတင်ပြီး နေ့စားလပေးခန့်ထားမည်

အစိုးရစာသင်ကျောင်းများမှ တိုင်းရင်းသားစာပေ ဆရာ၊ ဆရာမများကို ယခုနှစ်မှစတင်ပြီး နေ့စားလပေးခန့်ထားမည်

လျှောက်ထားလိုသူများအနေဖြင့် တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာနယာယီရုံးဖွင့် လှစ်ထားသော ညွှန်ကြားရေးမှူးရုံးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးများရှိ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးရုံးများ၊ ၀န်ကြီးဌာန၏ facebook page (Ministry of Ethnic Affairs Myanmar) တို့တွင် လျှောက်လွှာရယူ လျှောက်ထားနိုင်ပါသည်။

တိုင်းရင်းသားဒေသအတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားကလေးငယ်များ ပညာသင်ယူမှု အခွင့်အလမ်း ပိုမိုရရှိစေရန်နှင့် သင်ယူတတ်မြောက်မှု အရည်အသွေး မြင့်မားစေရန် လက်ရှိတွင် တိုင်းရင်းသား ဘာသာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာန၏ နေ့စားလပေး ဆရာ၊ ဆရာမများအဖြစ် ခန့်ထားရန် စီစဉ်လျက်ရှိသည်။

READ - ယခုနှစ်အတွက် နေ့စားလပေးမူလတန်းပြ သုံးသောင်းဝန်းကျင်ခန့်ထားမည် ချက်ချင်းခန့်မည်မဟုတ်ဘဲ သင်တန်းများပေးမည်ဟုဆို

နေ့စားလပေးအဖြစ် လျှောက်ထားလိုသော ဆရာ၊ ဆရာမများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ရုံးများမှ တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးဌာနရုံးများနှင့် တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးဌာန၏ ဦးစီးဌာန ညွှန်ကြားရေးမှူး (ယာယီ) ရုံးများတွင် လျှောက်ထားနိုင်ကြောင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနမှ သိရသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လက်ရှိ တိုင်းရင်းသားဒေသတွေမှာ သင်နေတဲ့သူက သောင်းဂဏန်းလောက်ရှိတယ်။ သူတို့ကို ဒီနှစ်ကနေစပြီးတော့ နေ့စားလပေးတွေ အဖြစ် ခန့်ထားဖို့ စာထွက်ထားတာဖြစ်ပါတယ်။ လက်ရှိတော့ ၀န်ကြီးရုံးကို စာပို့ထားဆဲပဲရှိပါသေးတယ်။ ဘယ်လောက်ခန့်နိုင်မလဲဆိုတာတော့ ပြောလို့ မရပါဘူး” ဟု ပြောကြားသည်။

နေ့စားလပေးများအဖြစ် တာဝန်ထမ်းဆောင်နေသူများကို ခန့်ထားနိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့ဆောင်ရွက်ရန် အစီအစဉ် ရေးဆွဲထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2270 times