Sales Hotline : 09448001653       Download App



Excellent Myanmar International Private School

Excellent Myanmar International Private School

EMPS သည် England နိုင်ငံ Pearson Edexcel ၏ IGCSE exam center တစ်ခုဖြစ်ပြီး International curriculum နှင့် အစိုးရ သင်ရိုးကို တစ်ပြိုင်နက်ထဲတွင် သင်ကြားပေးသောကျောင်း ဖြစ်ပါသည်။

Year 3 မှ စတင်ပြီး Pearson PLSC progress test များ၊ achievement test များကို England qualifications များအတိုင်း သင်ကြားမည်ဖြစ်ပြီး စာမေးပွဲများကို British Council မှ witness အဖြစ် ပြုလုပ်ပေးပါသည်။

Pearson Qualifications International ၏ progress test ကို ဖြေဆိုရမည်ဖြစ်ပြီး Edexcel IGCSE exam board မှ တိုက်ရိုက်ချီးမြှင့်မည့် certificate များ ရရှိမည် ဖြစ်ပါသည်။

သင်ကြားပို့ချမည့် သင်တန်းများ

Preschool (၂ နှစ်ခွဲ မှ ၅ နှစ်) ၊ Grade 1- 5 (သူငယ်တန်းမှ စတုတ္ထတန်း) ၊ edexcel courses ၊ summer courses နှင့် weekend classes စသည့်အတန်းများကို သင်ကြားမည်ဖြစ်ပါသည်။

Primary school တန်းခွဲဖြစ်သော KG မှ စတုတ္ထတန်းအထိ တန်းခွဲများကို အစိုးရသင်ရိုးအပြင် England နိုင်ငံ Edexcel International Curriculum English, Maths, Science ဘာသာရပ်များကို Foreign teacher များမှ တွဲဖက်သင်ကြားမည် ဖြစ်ပါသည်။

သင်ရိုးများအနေဖြင့် art ၊ IT ၊ music (violin for higher levels) ၊ recorders (for lower levels) ၊ physical education (basket ball) များကိုလည်း သင်ကြားပေးမည် ဖြစ်ပါသည်။

သင်တန်းကြေးများ

၂ နှစ်ခွဲအတွက် school fees တစ်နှစ် ကျပ် ၁,၈၀၀,၀၀၀ ၊ registration fee ကျပ် ၁၅၀,၀၀၀ ၊ annual fee ကျပ် ၃၀,၀၀၀ နှင့် စာအုပ်ဖိုး ကျပ် ၅၀,၀၀၀ ၊ လေးနှစ်အတွက် (တစ်နှစ်စာ) ကျပ် ၁,၈၀၀,၀၀၀ ၊ သုံးတန်းအတွက် ကျောင်းလခ တစ်နှစ် ကျပ် ၂,၈၀၀,၀၀၀ ၊ ကျောင်းဝင်ကြေး ကျပ် ၃၀၀,၀၀၀ ၊ စာအုပ်ဖိုး ကျပ် ၂၀၀,၀၀၀ ၊ annual fee ကျပ် ၅၀,၀၀၀ ၊ ငါးနှစ်အတွက် (English class only) ကျပ် ၁၈၀,၀၀၀ စသည်တို့ဖြစ်သည်။

Contact Detail

International/Private Read 7478 times