Sales Hotline : 09448001653       Download App



ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်ငါးမျိုးအတွက် ရာထူးနေရာ ၄၀၀ ကျော် လစ်လပ်နေ

ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်ငါးမျိုးအတွက် ရာထူးနေရာ ၄၀၀ ကျော် လစ်လပ်နေ

လစ်လပ်လျက်ရှိသော အထက်တန်းပြရာထူးနေရာများအတွက် ဘီအီးဒီသင်တန်းတက်ရောက်ခွင့် ရရှိထားသောသူများ၊ ဘီအီးဒီသင်တန်းတက်ရောက်နေသူများ၊ ဘီအီးဒီဘွဲ့ရရှိပြီး အလယ်တန်းပြ တာဝန်ထမ်းဆောင်နေသူများနှင့် မူလတန်းကျောင်းအုပ်များဖြင့် ဖြည့်ဆည်းရန် ရာထူးတိုးများ ခေါ်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

READ - ပညာရေးကောလိပ် ၂၄ ခု၏ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်းကို ယခုအပတ်တွင် စတင်လျှောက်ထားနိုင်

တိုင်းဒေသကြီးတစ်ခုလုံးတွင် မြန်မာစာဘာသာရပ်၌ ၂၇ ဦး၊ ဘောဂဗေဒဘာသာရပ်၌ ၄၂ ဦး၊ ပထ၀ီဘာသာရပ်၌ ၁၈၉ ဦး၊ သမိုင်း ဘာသာရပ်၌ ၁၈၈ ဦး၊ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်၌ ၁ ဦး အသီးသီး လစ်လပ်နေကြောင်း သိရသည်။

လစ်လပ်လျက်ရှိသည့် အထက်တန်းပြရာထူးနေရာများကို လျှောက်ထားခြင်း၊ ပြည့်မီခြင်းမရှိသေးပါက ရာထူးတိုးလျှောက်ထားချိန်ကို ဆက်လက်တိုးမြှင့်ရန် တင်ပြသွားမည်ဖြစ်သည်။

“လိုအပ်ချက်မပြည့်သေးရင် ဆက်ပြီးခေါ်ဖို့ အချိန်ထပ်ပေးရမှာပေါ့။ ဒါမှမရသေးရင် နေ့စားအထက်တန်းပြနေရာခေါ်ဖို့ တင်ပြရမှာပါ” ဟု ပြောကြားသည်။

ယခင်နှစ်က ရန်ကုန်တိုင်းဒေသကြီးတွင် အထက်တန်းပြရာထူးနေရာများ လစ်လပ်မှု ပြည့်မီခြင်းမရှိသည့်အတွက် စာချုပ်သက်တမ်း တစ်နှစ်ဖြင့် နေ့စားအထက်တန်းပြများကို ခေါ်ယူခဲ့ရသေးကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 3075 times