Sales Hotline : 09448001653       Download App



ပညာရေးကောလိပ် ၂၄ ခု၏ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်းကို ယခုအပတ်တွင် စတင်လျှောက်ထားနိုင်

ပညာရေးကောလိပ် ၂၄ ခု၏ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်းကို ယခုအပတ်တွင် စတင်လျှောက်ထားနိုင်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာ နှစ်နှစ်သင်တန်းများအတွက် ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် (၂၂) နှစ်ထက် မကြီးသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးများတွင် သင်တန်းဝင်ခွင့်လျှောက်လွှာများကို တောင်းယူပြီး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင်သာ ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

READ - ၂၀၁၇-၂၀၁၈ ခုနှစ် အတွက် အဆင့်မြင့်မီဒီယာ ကွန်ပျူတာသင်တန်း လျှောက်ထားနိုင်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းသား အရေအတွက် ၅၀၀၀ မှ ၆၀၀၀ ကြား ခေါ်ယူမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။

လျှောက်ထားသူများအနေဖြင့် မိမိလျှောက်ထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ သွားလာရေး အဆင်ပြေသော ပညာရေးကောလိပ်များတွင်သာ တက်ရောက်ရမည်ဖြစ်သည်။

တက်ရောက်ခွင့်ရရှိသူများ စာရင်းကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

သင်တန်းတက်ရောက်စဉ်ကာလအတွင်း သင်တန်းသားများကို အဆောင်နေထိုင်ခွင့်ပြုမည် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဆရာအတတ်ပညာ ဒီပလိုမာလက်မှတ် ချီးမြှင့်မည် ဖြစ်သည်။

ယင်းလက်မှတ်ရရှိသူများကို မူလတန်းပြဆရာအဖြစ် ခန့်ထားပါက ဒေသမရွေးသွားရောက်တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း ကြေညာထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 33161 times