Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ပျောက်ဆုံးပါက တစ်နှစ်ကြာပြီးမှသာ ပြန်လည်လျှောက်ထားခွင့်ရှိမည်

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ပျောက်ဆုံးပါက တစ်နှစ်ကြာပြီးမှသာ ပြန်လည်လျှောက်ထားခွင့်ရှိမည်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အောင်လက်မှတ်များကို ထုတ်ပြန်ပေးခဲ့ပြီး ရရှိထားသော အောင်လက်မှတ်များကို မပျောက်မပျက် စေရန်အတွက် ထိန်းသိမ်းထားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အောင်လက်မှတ်များ ပျောက်ဆုံးပျက်စီးပါက အကြောင်းရင်းနှင့်တကွ ပြန်လည်လျှောက်ထား ရမည် ဖြစ်ပြီး တစ်နှစ်အကြာမှသာ အောင်လက်မှတ်မိတ္တူကို ပြန်လည်ရရှိမည်ဖြစ်သည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာပုံစံအား ပြောင်းလဲမည်ဆိုပါက အများပြည်သူသိရှိစေရန် ကြိုင်တင်အသိပေးသွားမည်ဖြစ်ကြောင်း သိရ

“အောင်လက်မှတ်တစ်ကြိမ်ထုတ်ပြီး ပျောက်ရင်တော့ တစ်နှစ်ကြာပြီးမှပဲ ပြန်ရမှာပါ။ လက်ရှိအချိန် တက္ကသိုလ် ၀င်ခွင့်လျှောက်ထားရာမှာ အောင်လက်မှတ်ပျောက်ရင်တော့ သူတို့အတွက် သိပ်ပြဿာနာမရှိပါဘူး။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်မှာ သူတို့ကို အောင်ကြောင်းထောက်ခံစာများကို ထည့်သွင်းပေးပြီးသားပါ။ ကာယကံရှင်တွေအနေနဲ့ အောင်လက်မှတ်ကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမှာပါ။ လုံးဝပျောက်လို့ မရပါဘူး” ဟု ပြောကြားသည်။

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များကို ထုတ်ပြန်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ တစ်သက်တွင် နှစ်ကြိမ်သာ ထုတ်ပြန်ပေးပါသည်။

ပထမအကြိမ်တွင် အောင်လက်မှတ်မူရင်းကို ရရှိမည်ဖြစ်သော်လည်း ပျောက်ဆုံးပြီးပြန်လည် လျှောက်ထားချိန်တွင် ထုတ်ပေးမည့် အောင်လက်မှတ်မှာ မိတ္တူသာ ပြန်လည်ရရှိမည်ဖြစ်သည်။

ယင်းအတွက် အောင်လက်မှတ်များကို ဂရုတစိုက် ထိန်းသိမ်းရမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းကို ကျောင်းသား၊ ကျောင်းသူ ခုနှစ်သိန်းကျော် အောင်မြင်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 3577 times