Sales Hotline : 09448001653       Download App



လာမည့်ပညာသင်နှစ်တွင် ဒုတိယတန်းကို သင်ရိုးအသစ်ဖြင့် သင်မည်

လာမည့်ပညာသင်နှစ်တွင် ဒုတိယတန်းကို သင်ရိုးအသစ်ဖြင့် သင်မည်

ပညာရေးဝန်ကြီးဌာန၏ ပညာရေးစနစ်သစ်အစီအစဉ်အရ အခြေခံပညာသင်ရိုးများကို သူငယ်တန်းမှ စတင်ပြောင်းလဲလျက်ရှိရာ ယခုနှစ်တွင် ဒုတိယသင်တန်းသင်ရိုးအသစ်ကို ရေးဆွဲလျက်ရှိသည်။

ရေးဆွဲလျက်ရှိသော ဒုတိယတန်းသင်ရိုး Zero Draft ကို အမျိုးသားပညာရေးမူဝါဒကော်မရှင် လက်အောက်ရှိ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီသို့ တည်းဖြတ်ရန် တင်ပြထားသည်။

ဒုတိယတန်းသင်ရိုးသစ်တွင် ဘာသာရပ် ၁၀ မျိုး ရှိမည်ဖြစ်ပြီး ကျောင်းသားကိုင်မှာ ခြောက်ဘာသာ ရှိပြီး ဆရာကိုင်မှာ လေးဘာသာရှိမည်ဖြစ်ကြောင်း ဒုတိယတန်းသင်ရိုးရေးဆွဲရေးအဖွဲ့ထံမှ သိရသည်။

READ - YUFL ညနေပိုင်းသင်တန်းများကို လာမည့်စက်တင်ဘာလအတွင်း အွန်းလိုင်းမှ လျှောက်ထားနိုင်မည်

အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီထံသို့ ဒုတိယတန်းသင်ရိုး၏ First Draft ကို တင်ပြပြီးပါက ပြန်လည်ရရှိလာသော သင်ရိုးများကို မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာစကားဦးစီးဌာနသို့ ပေးပို့ပြီး မြန်မာစာ အသုံးအနှုန်းများကို စိစစ်မည်ဖြစ်သည်။

ထိုမှရရှိလာသော သင်ရိုးများကို Second Draft အဖြစ် ပြုစုကာ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီထံသို့ တင်ပြပြီး အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။

“ပြုစုပြီးသာ သင်ရိုးတွေကို ကျောင်းတွေမှာ ဆရာကိုင်တွေအဖြစ်ပေးထားတယ်။ ပေးပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေကို စမ်းပြီး သင်ခိုင်းလိုက်တယ်။ သင်နေဆဲမှာ ဆရာက ဖြည့်ပြီးပြောရတာမျိုးပေါ်လာရင် သင်ရိုးမှာ အဲဒါကို ပြန်ထည့်ရတယ်။ အားနည်းချက်မရှိအောင် ဆောင်ရွက်ရတာပေါ့” ဟု ပြောကြားသည်။

လက်ရှိတွင် ယခုနှစ်၌ သင်ကြားနေသည့် ဒုတိယတန်းသင်ရိုးတွင် ကျောင်းသားကိုင် ဘာသာရပ်ငါးခုရှိပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးတို့ဖြစ်ကြောင်း တွဲဖက်သင်ရိုးဝင်ဘာသာရပ်များမှာ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတ၊ ကာယတို့ ဖြစ်ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနမှ သင်ရိုးညွှန်းတမ်းအသစ်များကို ၂၀၁၅ ခုနှစ်မှ စတင်ကာ ပြုပြင်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2489 times