Sales Hotline : 09448001653       Download App



ဘွဲ့လွန်ဘဏ်လုပ်ငန်းဒီပလိုမာသင်တန်း ရန်ကုန်မှာ ဖွင့်လှစ်တော့မယ်

ဘွဲ့လွန်ဘဏ်လုပ်ငန်းဒီပလိုမာသင်တန်း ရန်ကုန်မှာ ဖွင့်လှစ်တော့မယ်

သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုက ဘွဲ့ရရှိပြီး အသက် ၂၀ နှစ်မှ ၅၀ နှစ်ကြားရှိသူ၊ ဘဏ်လုပ်ငန်းကို စိတ်ဝင်စားသူနဲ့ ဘဏ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုရန် ရည်ရွယ်ထား သူများ လျှောက်ထား တက်ရောက် နိုင်မှာဖြစ်ပါတယ်။

READ - တက္ကသိုလ်စတက်မယ့် ကျောင်းသား၊ ကျောင်းသူတို့အတွက် နည်းလမ်းကောင်းများ

သင်တန်းပြီးဆုံးသူများအနေနဲ့ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များက လုပ်အကိုင်ခေါ်ယူရာတွင် အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။

ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရပ်တွေကို စာတွေ့နဲ့ လက်တွေ့ပေါင်းစပ်ကာ လုပ်ငန်းခွင် ဝင်ရောက်နိုင်တဲ့အထိ သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်းမှာ စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားဆရာကြီး/ဆရာမကြီးတွေ၊ ဝါရင့်ဘဏ်လုပ်ငန်း ပညာရှင်ကြီး တွေ ဘဏ်အသီးသီးက ဌာနဆိုင်ရ တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေက သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက် လိုသူတွေအနေနဲ့ သြဂုတ်လ ၂၅ ရက်နောက်ဆုံးထားကာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

Contact Detail

ဖုန်း- ၀၁-၅၄၈၁၄၆၊ ၈၆၀၅၅၄၃

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 5288 times