Sales Hotline : 09448001653       Download App



တက္ကသိုလ်စတက်မယ့် ကျောင်းသား၊ ကျောင်းသူတို့အတွက် နည်းလမ်းကောင်းများ

တက္ကသိုလ်စတက်မယ့် ကျောင်းသား၊ ကျောင်းသူတို့အတွက် နည်းလမ်းကောင်းများ

စိတ်လှုပ်ရှားစွာဖြင့် ရည်မှန်းချက်ရှိရာသို့ သွားးရမည်ဖြစ်ပြီး လူမှုရေးနယ်ပယ်တွင်လည်း လူသစ်များဖြင့် ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။

ထိုကြောင့် တက္ကသိုလ်မတတ်မီ ကျောင်းသား၊ ကျောင်းသူများအတွက် ပြင်ဆင်နိုင်မယ့် နည်းလမ်းကောင်းလေး တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ကျောင်းကိစ္စ လုပ်ငန်းတာဝန်များကို ပူးပေါင်း ပါဝင်ဆောင်ရွက်ပါ။

တက္ကသိုလ်တက်ရောက်နေစဉ်အတွင်းမှာ အသင်းလိုက်လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ပါ။ ဒါဟာ သင့်ကို လူမှုရေးမှာ နေရာ ကောင်းရစေပါတယ်။ လူသစ်များနှင့်ထိတွေ့ဆက်ဆံရပြီး ပညာအသစ်များပင်ရရှိနိုင်ပါသည်။

၂. တက္ကသိုလ်ကျောင်းအနှံသွားပါ။

နှစ်အတန်ကြာ ပညာသင်ရမည့်နေရာများကို နှံ့နှံ့စပ်စပ်သိအောင်  ပြုလုပ်ထားပါ။

READ - တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ နိုင်ငံတကာအဆင့်မီ မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ် တက်မယ်ဆိုရင်

၃. လိမ္မာပါ။

ကျောင်းတွင် သင့်ဂုဏ်သိက္ခာကျဆင်းမှု မရှိစေရန်အတွက် ရန်ဖြစ်ခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။ သူငယ်ချင်းများနဲ့လည်း ရင်းရင်းနှီးနှီး ရှိအောင် ပြုလုပ်ပါ။

၎. အတန်းပုံမှန်တက်ပါ။

စာမေးပွဲများအတွက် အမှတ်ကောင်းကောင်းရအောင် အတန်းပုံမှန်တက်ပေးပါ။ သင့်အမှတ်များကို ထိခိုက်မှုမရှိအောင် လေ့လာမှုများကို နေ့စဉ်ပြုလုပ်ပါ။

၅. ဟန်ဆောင်မှုကင်းစွာ နေထိုင်ပါ။

လူအများကြား ထင်ပေါ်ကျော်ကြားအောင် ဟန်ဆောင်နေထိုင်ခြင်းထက် မိမိ၏ ပုံစံအတိုင်း ပွင့်ပွင့်လင်းလင်း ပေါင်းသင်းဆက်ဆံပါ။

၆. မိသားစုနှင့်အဆက်အသွယ်မပြတ်ပါစေနဲ့။

ကျောင်းတက်နေစဉ်အတွင်း သင့်မိသားစုကို သင့်လုပ်ခဲ့သမျှ အကြောင်းအရာအားလုံးကို နေ့စဉ် ပြောပြပေးပါ။ အကြံဥာဏ်များ အမြဲရယူပါ။

၇. ဆရာ၊ ဆရာမများနှင့်ကောင်းစွာ ပေါင်းသင်းဆက်ဆံပါ။

သင့်နှင့် သင့်ဆရာကြား ဆက်ဆံရေးကို ကောင်းမွန်စွာ တည်ဆောက်ပါ။ သင့်ကို သင်မိတ်ဆက်ခြင်းများ၊ မေးခွန်းများ မေးခြင်းများပြုလုပ်ပါ။ ဆရာ၊ ဆရာမများနှင့် ရင်းနှီးစွာ နေထိုင်ခြင်းက စာသင်ချိန်မှာ ပိုပျော်ရွှင်မှုကို ရရှိလာစေမှာ ဖြစ်ပါတယ်။

လူပေါင်းစုံဖြင့်တွေ့ဆုံရမည်ဖြစ်သော တက္ကသိုလ်နယ်မြေတွင် မည်သူက သင့်သူငယ်ချင်းကောင်း ဖြစ်လာမည်ကိုလည်း မသိနိုင်ပါ။ တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ပျော်ပင်ဖြတ်သန်းကြည့်ပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: course.com

Tips Read 8096 times