Sales Hotline : 09448001653       Download App



ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအမှတ်အများဆုံးရသူများကို သီးသန့်တွေ့ဆုံမည်

ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအမှတ်အများဆုံးရသူများကို သီးသန့်တွေ့ဆုံမည်

သြဂုတ် ၂ ရက်က အထက (၄) အလုံတွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲအောင် ထူး ချွန်ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းကျောင်းများအား ဆုချီးမြှင့်ပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုသည့် အနေဖြင့် မိုး ရာသီကုန်ဆုံးချိန်တွင် ဝန်ကြီးချုပ် နေအိမ်၌ သီးသန့်တွေ့ဆုံမည်ဖြစ် ပြီး နေ့ရက် အတိအကျကိုမူ  ပြော ကြားခြင်းမရှိပေ။ 

၎င်းတို့ရှေ့ ဆက်သင်ယူမည့် ပညာရေးလမ်း ကြောင်းအတွက် ဝန်ကြီးချုပ်နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ကျောင်း သား၊ ကျောင်းသူများ၏ လိုအပ် ချက်များကို တိုင်းဒေသကြီး အစိုး ရအဖွဲ့က ဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ်များ ချမှတ်ခြင်းတို့ ပြုလုပ်မည်ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

READ - ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ပေါင်း ၇၀ ကျော် လာရောက်ပြသကြမည့် နိုင်ငံတကာ တက္ကသိုလ်ပညာရေးပြပွဲကြီး ကျင်းပမည်

‘‘သူတို့ရဲ့ ဘဝတွေကို ဆက် ပြီး ကြိုးပမ်းတဲ့နေရာမှာ တာဝန်ရှိ သူတွေက ဝိုင်းဝန်းဖေးမပေးသွား နိုင်ဖို့ ကျွန်တော် စဉ်းစားထားပါ တယ်။ ကျွန်တော့်ရဲ့ ဝန်ကြီးချုပ် နေအိမ်မှာ ထူးချွန်တဲ့ကလေးတွေ နဲ့ တွေ့ဆုံပါမယ်။ သူတို့ရဲ့ မိဘ တွေ၊ သူတို့ရဲ့ အဝန်းအဝိုင်းတွေနဲ့ ရင်းနှီးစွာ တွေ့ဆုံပြီး သူတို့ဘဝကို ဘယ်လိုရှေ့ဆက်ဖို့ ရွေးချယ်ထား သလဲဆိုတာကို ကျွန်တော်နဲ့ တိုင် ပင်ခွင့်ပေးပါမယ်။ နိုင်ငံရဲ့ ထူး ချွန်ထက်မြက်တဲ့ ပညာရှင်တွေ အဖြစ်နဲ့ အနာဂတ်မှာ ရပ်တည် နိုင်ဖို့ ကျွန်တော်တို့ သူတို့ကို ဝိုင်း ဝန်းစောင့်ရှောက်ပေးချင်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ထူးချွန် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီးပါ က ၎င်းတို့၏ လိုအပ်ချက်အပေါ် မူတည်၍ ပညာသင်ဆု များ ပံ့ပိုး ပေးခြင်း၊ အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းတို့ကို ဆက် လက်ဆောင်ရွက်မည်ဟုဆိုသည်။

‘‘ဒီနှစ်အောင်တဲ့ ကလေး တွေထဲက ရန်ကုန်တိုင်းအဆင့် Top Ten ဝင်တဲ့ ကလေးတွေကို သီးသန့် ထပ်တွေ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က လိုအပ် တာကူမယ်လို့ ဝန်ကြီးချုပ်က ပြောထားတယ်။ အရင်ကတော့ ဒီလို သီးခြားတွေ့တာမျိုး မရှိခဲ့ဘူး’’ဟု တိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကိုက ပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသ ကြီးအတွင်းမှ တက္ကသိုလ်ဝင်စာ မေးပွဲ သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာ သာတွဲ၊ ဝိပ္ပံဘာသာတွဲ အမှတ် အများဆုံးရရှိသူ ၂၁ ဦးအား တစ် ဦးလျှင် ကျပ်ငါးသိန်းမှ ဆယ်သိန်း အထိ ဂုဏ်ပြုချီးမြှင်ခဲ့ပြီး အောင် ချက်အကောင်းဆုံး မြို့နယ်များ၊ အထက်တန်း ကျောင်းများ၊ အထက်တန်း ကျောင်းခွဲများကိုလည်း ဆုများပေးအပ်ခဲ့သည်။

‘‘ဝန်ကြီးချုပ်က သူ့ရဲ့နေ အိမ်မှာ သီးသန့်တွေ့မယ်လို့ ပြောထားပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ မျက်မမြင်ကျောင်းသားတွေအတွက် တောင်းဆိုမှုတချို့ လုပ်ဖို့ စဉ်းစားထားပါတယ်’’ဟု ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးရရှိသူစာရင်းဝင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှမောင်ဘုန်းစစ်ပိုင်မှူးကပြောသည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေး ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သည် အောင်ချက် ၃၇ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံး အဆင့် (၄) ရရှိခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 2375 times