Sales Hotline : 09448001653       Download App



ရခိုင်ပြည်နယ်တွင် ကျောင်းအုပ်ကြီးများ စာသင်တန်းများတွင် ဘာသာရပ်တစ်ခုတွင် တစ်ပတ်တစ်ချိန်နှုန်း သင်ကြားကြရမည်

ရခိုင်ပြည်နယ်တွင် ကျောင်းအုပ်ကြီးများ စာသင်တန်းများတွင် ဘာသာရပ်တစ်ခုတွင် တစ်ပတ်တစ်ချိန်နှုန်း သင်ကြားကြရမည်

ရခိုင်ပြည်နယ်၏ ပညာရည်မြင့်မားရေး၊ တက္ကသိုလ်ဝင်တန်းအောင်မြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ အကျင့်စာရိတ္တစည်းကမ်းတိုးတက်ကောင်းမွန်ရေး၊ ကျောင်းတက်ချိန်မှန်ကန်မှုရှိစေရေးတို့အတွက် အခြေခံပညာကျောင်းအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်သင် ကျောင်းများရှိ ကျောင်းအုပ်ကြီးများအနေဖြင့် မိမိသင်ကြားပြသနိုင်မည့် အတန်းတစ်ခုခုတွင် ဘာသာရပ်တစ်ခုခုကို တစ်ပတ်လျှင် တစ်ချိန်နှုန်း ၀င်ရောက်သင်ကြားရန် ညွှန်ကြားထားကြောင်း ရခိုင်ပညာရေးမှူးရုံးမှ သိရသည်။

READ - ရန်ကုန်တက္ကသိုလ်တက်ရောက်မယ့်သူတွေ သတ်မှတ်အမှတ်ထက်ကျော်ရင် ပညာသင်ဆုပေးမယ်

ပြီးခဲ့တဲ့ စာမေးပွဲအောင်စာရင်းမှာ ရခိုင်ပြည်နယ်က အောင်ချက်အနည်းဆုံးဖြစ်တာလည်း ပါပါတယ်။ ပြီးတော့ အခုဆိုရင် ဆရာ၊ ဆရာမတွေ လိုအပ်နေမှုကြောင့် လိုအပ်နေတဲ့နေရာတွေမှာ ၀င်ရောက်ဖြည့်ဆည်းသင်ကြားမှုပေးလိုတာက တစ်ကြောင်းနဲ့ တစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ချင်တဲ့အတွက် ကျောင်းအုပ်တွေကိုပါ သင်ကြားရေးလိုအပ်ချက်ကို ဖြည့်ဆည်းစေချင်တာပါ။

သူတို့မှာလည်း အလုပ်များတာကို နားလည်တဲ့အနေနဲ့ တစ်ပတ်ကို တစ်ချိန်ပဲသင်ခိုင်းတာပါ။ အနည်းဆုံး တစ်ပတ်ကို တစ်ချိန်ပဲသင်ခိုင်းတာပါ။ အနည်းဆုံးတစ်ချိန်တော့ သင်ပေးနိုင်မယ် ယူဆပါတယ်။

ကျောင်းအုပ်ကြီးများအနေဖြင့် မိမိတို့ သင်ကြားမှုပြုလုပ်ထားသော သင်ကြားမှုမှတ်တမ်းများကို စနစ်တကျ ထားရှိရေးနှင့် သက်ဆိုင်ရာကြီးကြပ်အကဲဖြတ် အဖွဲ့များ လာရောက်စစ်ဆေးသည့်အခါတွင် တင်ပြသွားရမည်ဖြစ်ကြောင်း အဆိုပါ ကိစ္စများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဌာနဆိုင်ရာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

ဌာနရဲ့ ညွှန်ကြားချက်ကို မလိုက်နာရင်တော့ ပထမဆုံးအကြိမ်သတိပေးမယ်။ ဒုတိယအကြိမ်ဆိုရင် ခံဝန်ထိုးရမယ်။ တတိယအကြိမ်မြောက်မှ မလုပ်ရင်တော့ တင်ပြပြီး လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်မည် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၁၅၀၀ ကျော်ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 1604 times