Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်များ မကြာမီထုတ်ပြန်မည်

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်များ မကြာမီထုတ်ပြန်မည်

တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အလိုက် မေးခွန်းပုံစံအ သစ်များနှင့် အမှတ်ပေးစည်းမျဉ်း များကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများသိရှိနိုင်ရန် မကြာမီ နိုင်ငံပိုင်သတင်းမီဒီယာများမှ တစ်ဆင့် ထုတ်ပြန်အသိပေးမည်ဟု ဆို သည်။

‘‘မေးခွန်းပုံစံအသစ်တွေကို ဝန်ကြီးရုံးနဲ့ အမျိုးသားပညာရေး မူဝါဒကော်မရှင်တွေကိုတင်ပြီး အ ကုန်လုံးသဘောထားတောင်းခံ ထားပါတယ်။ ပြောင်းမယ့် မေး ခွန်းပုံစံတွေကို တရားဝင်ကြိုအ ကြောင်းကြားမှာပါ။ အခုပဲ ကျောင်းဖွင့်တာ နှစ်လပြည့်တော့ မယ်ဆိုတော့ ကလေးတွေအ တွက် အခက်အခဲမရှိအောင်တော့ အချိန်မီလုပ်ပေးမှာပါ’’ဟု ဒေါက် တာသိန်းဝင်းက ပြောသည်။

READ - ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို ယခင်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နဲ့ လက်ခံမယ်

ပြောင်းလဲသင့်သည့် တက္က သိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံအ သစ်များကို ဘာသာရပ်အလိုက် စာစစ်မှူးချုပ်များထံ တောင်းခံ ထားပြီး ယင်းတို့ကို စိစစ်ရန် အ ဆင့်ဆင့်တင်ပြထားကြောင်း ၎င်း က ဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲ၏ လက်ရှိမေးခွန်းပုံစံသည် ကျက်၊ ဖြေ စနစ်ကို ဦးစားပေးထားသကဲ့ သို့ဖြစ်ခြင်းကြောင့် အတွေးအခေါ် ကို ဦးစားပေးသည့် မေးခွန်းမျိုး ပြောင်းလဲရန်လိုကြောင်း ဆရာ၊ ဆရာမအချို့က ဆိုသည်။

သို့ရာ တွင် ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မေးခွန်း ပုံစံအသစ်အတွက် ကြိုတင်ပြင် ဆင်ချိန် မလုံလောက်မည်ကို စိုးရိမ်မှုများရှိနေကြောင်း မိဘ အချို့က ပြောသည်။

‘‘အခု လူမှုကွန်ရက်မှာ ပြန့်နေတဲ့ မေးခွန်းပုံစံတွေအရတော့ ကျောင်းသားတွေအတွက် ရွေး ချယ်မှုလျော့လာတယ်။ သင်္ချာလို မျိုး၊ ဘိုင်အိုလိုမျိုးမှာ Choice တွေ မပါတော့ဘူး။ ကျောင်းသား အတွက်ကတော့ ရွေးချယ်မှုမရှိ ဘူးဆိုရင် ရရင်ဖြေလိုက်မယ်၊ မရရင် မဖြေဘူးဆိုတဲ့ ပုံစံမျိုးဖြစ် သွားမယ်။

ကျောင်းသားထုအတွက် ပြောမယ်ဆိုရင်တော့ အခု ပြန့်နေတဲ့ ပုံစံအတိုင်းဆို ပထမ ဆုံးစပြောင်းတဲ့နှစ်ဖြစ်လို့ အခက် အခဲအများကြီးရှိနိုင်တယ်။ နောက်ပိုင်းနှစ်တွေကတော့ မေးခွန်းပုံစံ ကို ကိုးကားပြီး လေ့လာမယ်။ လေ့ကျင့်မယ်ဆိုရင် အဆင်ပြေနိုင် မယ်’’ဟု ကဝမြို့နယ် သက္ကလ အထက်တန်းကျောင်းမှ အထက် တန်းပြဆရာ ဦးအောင်ကျော်သူ က ပြောသည်။

မေးခွန်းပုံစံပြောင်းရာတွင် မေးခွန်းတစ်လုံး၏ ၆၀ ရာခိုင်နှုန်း သည် ကျောင်းသားအားလုံးဖြေဆို နိုင်သည့် မေးခွန်းများ၊ ၂၀ ရာခိုင် နှုန်းသည် အသင့်အတင့်စာလိုက် နိုင်သော ကျောင်းသားများ၊ ဖြေ ဆိုနိုင်သည့် မေးခွန်းများ၊ ၂၀ ရာခိုင်နှုန်းသည် ဂုဏ်ထူးမှတ်အ တွက် ဆုံးဖြတ်မည့် မေးခွန်းများ ဖြစ်သင့်ကြောင်း ဦးအောင်ကျော် သူက အကြံပြုသည်။

‘‘ပြောင်းမယ်တော့ ကြားနေ တာပဲ။ ဒါပေမဲ့ အခုထိ တရားဝင် မထုတ်ပြန်သေးတော့ ကလေး တွေအတွက် စိုးရိမ်တယ်။ မတ်လ လောက်ကတည်းက ဆယ်တန်း စာ စသင်နေတာ။ ဆရာမတချို့ကလည်း ကလေးရဲ့ စာလိုက်နိုင် မှုပေါ်မူတည်ပြီး မေးခွန်းပုံစံအ ဟောင်းရဲ့ အမှတ်ပေးစည်းမျဉ်း အတိုင်း အခန်းရွေးသင်တာတွေ ရှိတော့ ကြိုမပြောတာက အခက် တွေ့တယ်’’ဟု မိတ္ထီလာမြို့ရှိ ပြင်ပစာသင်ဝိုင်းတစ်ခုမှ သင်္ချာ ဘာသာရပ်သင် ဆရာမတစ်ဦးက ပြောသည်။

ယခင်က တက္ကသိုလ်ဝင်စာ မေးပွဲ မေးခွန်းများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်တစ်ခုလျှင် မေး ခွန်းတစ်စုံစီ ထုတ်ခဲ့ရာမှ ၂၀၁၅-၁၆ ပညာသင်နှစ်ကစ၍ တစ်နိုင်ငံလုံးတွင် မေးခွန်းတစ်စုံသာထုတ် ၍ စစ်ဆေးသည့်စနစ်သို့ ပြောင်းလဲခဲ့သော်လည်း မေးခွန်းပုံစံအကြီးစား  ပြောင်းလဲမှုမရှိခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ကြာမြင့် ပြီဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 10513 times