Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုသူများတွင် ဂုဏ်ထူးရရှိသူများပါ ပါဝင်

တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုသူများတွင် ဂုဏ်ထူးရရှိသူများပါ ပါဝင်

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင် စာရင်းများနှင့် အမှတ်စာရင်းများကို ဆက်လက်ထုတ်ပြန်ပေးပြီး သည့် နောက်တွင် ကျောင်းသား၊ ကျောင်း သူများ ကျေနပ်အားရမှုမ ရှိသော အဖြေလွှာများကို ပြန်လည် စစ်ဆေး ပေးခြင်း ကို ဆောင်ရွက် လျက်ရှိရာ ယခုလတွင် အဖြေလွှာပြန်လည် စစ် ဆေးပေးရန် အတွက် တောင်း ဆိုလာ သည့်အရေအတွက်မှာ ၂၀၀ ကျော် အထိရှိကြောင်း၊ ယင်းတောင်းဆိုမှု များထဲတွင် စာမေးပွဲကျရှုံးသူများ ၊ အောင်မြင်သူများအပြင် ဂုဏ်ထူးရရှိ ထားသူများကပါ ယင်းတို့၏အဖြေ လွှာကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

READ - ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို ယခင်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နဲ့ လက်ခံမယ်

“အဖြေလွှာတွေကို ပြန်စစ် ဆေးပေးဖို့တင်ပြလာတဲ့ အထဲမှာ အောင်တဲ့ သူတွေလည်း ပါပါတယ်။ သူတို့အဓိကတောင်းဆိုတာက သူ တို့ရတဲ့ အမှတ် အပေါ်မှာ ကျေနပ် အားရမှုမရှိလို့ ပြန်ပြီးတောင်းဆိုကြ တာပါ။

အရင်တုန်းကတော့ ဂုဏ် ထူးရတဲ့သူတွေ ကို ပြန်စစ်ဆေးပေး ခွင့်မပေး ခဲ့ဘူး။ ဂုဏ်ထူးရတဲ့သူဆို တာက သက်ဆိုင်ရာ စာစစ်မှူး ချုပ် တွေ ကိုယ်တိုင် အတည်ပြုပြီး ထုတ် ပြန်ပေး တာဖြစ်တဲ့ အတွက်ကြောင့် ပါ။ အခုနောက်ပိုင်း ကျွန်တော်တို့ လူကြီး က ဖြေလျှော့ပေး လိုက်တဲ့အ တွက် ဂုဏ်ထူးရတဲ့သူတွေပါ ပါလာ တယ် ” ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက် တာသိန်းဇံက ယခုလ ၁၅ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်တန်းကို ကျောင်းသား၊ ကျောင်းသူ နှစ် သိန်းလေးသောင်းကျော်အောင်မြင် ထားပြီး ဂုဏ်ထူးရရှိသူအရေအတွက် မှာ ၅၆၇၁၈ ဦးရှိခဲ့ပြီး ခုနစ်နှစ်အ တွင်း ဂုဏ်ထူးရသူအရေအတွက် အများဆုံးနှစ်အဖြစ်လည်း မှတ် တမ်းဝင်ခဲ့ကြောင်း တက္ကသိုလ်ဝင် တန်းအဖြေလွှာများကို ပြန်လည် စစ်ဆေးပေးရန် တောင်းဆိုထား သည့် ကျောင်းသား ၊ ကျောင်းသူ များ ၏ ရလဒ်များကို လျှောက်ထားပြီး တစ်လအကြာတွင် ပြန်လည်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့ရဲ့တောင်းဆိုလွှာတွေကိုတင်ပြီး တစ်လကျော်လောက်မှာ သိရမှာပါ။ နောက်လထဲလောက် တော့ဖြစ် မယ်” ဟု ဒေါက်တာသိန်းဇံ က ဆက်လက်ပြောကြားသည်။

တက္ကသိုလ်ဝင်တန်းအဖြေလွှာ များ ပြန်လည်စစ်ဆေးပေးစေလိုပါ က တစ်ဘာသာလျှင်ကျပ် ၅၀၀၀ နှုန်းဖြင့် လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5766 times