Sales Hotline : 09448001653       Download App



ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်သူလုံးဝမရှိခဲ့သော ကျောင်းများ၌ နေ့စား အထက်တန်းပြများ ခန့်ထားရန် စီစဉ်

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်သူလုံးဝမရှိခဲ့သော ကျောင်းများ၌ နေ့စား အထက်တန်းပြများ ခန့်ထားရန် စီစဉ်

အဆိုကျောင်းများတွင် သင်ကြားရေးကို အင်အားဖြည့်ရန်အတွက် ပြင်ပမှ အထက်တန်းပြ သင်ကြားနိုင်သော ဆရာ၊ ဆရာမများကို နေ့စားအဖြစ် ခန့်ထားပြီး သင်ကြားပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဝန်ကြီးကလည်း လမ်းညွှန်ထားပါတယ်။ ဒီနှစ်မှာ တစ်ချို့ကျောင်းများက အောင်မြင်သူလုံးဝမရှိခဲ့တာတွေလည်း တွေ့ရတော့ အဲဒီကျောင်းတွေမှာ နေ့စား SAT တွေကို ခန့်ဖို့ လုပ်နေပါတယ်။

READ - ပညာရေးတက္ကသိုလ်တွေမှာ နယ်ကျော်တက်လိုတဲ့ ကျောင်းသားတွေကို လက်ခံသင်ကြားပေးမယ့် ဦးရေသတ်မှတ်

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်လုံးဝမရှိခဲ့သော အခြေခံပညာကျောင်းများ စာရင်းကို ပြုစုပေးပို့ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများမှ တစ်ဆင့် ပေးပို့ရန် ညွှန်ကြားထားပြီး အဆိုပါ စာရင်းများရရှိပါက ခန့်ထားမည့် ဆရာ၊ ဆရာမအရေအတွက်ကို သိရှိရမည်ဖြစ်သည်။

ဘယ်နှစ်ဦးခန့်မယ်ဆိုတာတော့ ပြောလို့မရသေးဘူး။ စာရင်းတွေက အခုမှတောင်းထားတုန်းပဲရှိပါသေးတယ်။ မနှစ်က နေ့စားအထက်တန်းပြအဖြစ် လုပ်ခဲ့သူတွေကို ပြန်ပြီး ခန့်မယ်လို့တော့ ထင်တယ်။ သူတို့က စာချုပ်နဲ့ ကာလသတ်မှတ်ချက်နဲ့ဆိုတော့ စာချုပ်ပြည့်ပြီးရင်တော့ ပြန်လျှောက်ရမှာပါ။

ယခင်နှစ်က အခြေခံပညာကျောင်းများတွင် လိုအပ်နေသော အထက်တန်းပြ ရာထူးနေရာများအတွက် ဘီအီးဒီဘွဲ့ရရှိထားပြီး လိုအပ်နေသော ဘာသာရပ်များနှင့် ကိုက်ညီမှုရှိသူများ၊ ဌာနဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူများ၊ စေလွှတ်သည့် ကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်သူများအား ခေါ်ယူခန့်ထားခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 49354 times