Sales Hotline : 09448001653       Download App



အခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွေ ဩဂုတ်လလယ် ထုတ်ပေးဖို့ ပြင်ဆင်ထား

အခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွေ ဩဂုတ်လလယ် ထုတ်ပေးဖို့ ပြင်ဆင်ထား

ဩဂုတ်လလယ် လောက်ထုတ်ပေးဖို့ ဩဂုတ်လဆန်းလောက်မှာ သတင်းစာထဲကနေ ကြေညာပေးမယ်၊ ဘယ်ရက်ဘယ်နေ့မှာ သက်ဆိုင်ရာ အထက်တန်းကျောင်းတွေမှာ သွားပြီးထုတ်နိုင်တယ်၊ ဘယ်နေ့ကစပြီး သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေမှာ လျှောက် နိုင်တယ်ဆိုတာ သတင်းစာထဲကနေ ကြေညာပေးမှာ ဖြစ်ပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို ပေးပို့လျှောက်ထားတဲ့ စနစ်ပြောင်းလဲထားပြီး သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေကို ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။

READ - ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များ စတင်ထုတ်ယူနိုင်

၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင် သူဦးရေက ယခင်နှစ်ကထက် ၅၀,ဝ၀ဝ ခန့်ပိုများတာကြောင့် တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်တွေ အချိန်မီထုတ်ပေးနိုင်ရေးအတွက် မြန်ဆန်မှုရှိအောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဩဂုတ်လလယ်လောက် ခန့်မှန်းထားတယ်၊ ဒီနှစ်ကအောင်တဲ့ ကလေးအရေအတွက်က ပြီးခဲ့တဲ့နှစ်ထက်လည်း များတော့ ၅၀,ဝ၀ဝ ကျော် ပိုအောင်တော့လုပ်ရတဲ့ ပရောဆက်က နည်းနည်းတော့များတယ်။

ဒါပေမဲ့ မနှစ်ကထုတ်ပေးတဲ့ ရက်ထက်တော့ နောက်မကျဘဲ အမြန်ဆုံးထုတ်ပေးဖို့တော့ လုပ်နေပါတယ်လို့ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်သန်းသန်းဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူတွေအနေနဲ့ အဆင့်မြင့်ပညာဦးစီးဌာနမှာ လာရောက်လျှောက်ရတာဖြစ်ပြီး နယ်တွေက လျှောက်ထားသူတွေအနေနဲ့လည်း စာတိုက်ကနေတစ်ဆင့် အဆင့်မြင့်ပညာဦးစီး ဌာနကိုသာပေးပို့ လျှောက်ထားရတာ ဖြစ်တယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews (မေသော်တာမောင်)

News Read 6948 times