Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ယခင်နှစ်ထက် ၄ ရာခိုင်နှုန်းခန့်မြင့်တက်

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ယခင်နှစ်ထက် ၄ ရာခိုင်နှုန်းခန့်မြင့်တက်

၂၀၁၆ ခုနှစ်က အောင်ချက် ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့ရာ ၃ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက် လာခြင်းဖြစ်သည်။

၂၀၁၃ မှ ၂၀၁၇ အတွင်း လေးကြိမ်မြောက်အဖြစ် မွန်ပြည်နယ်က ၄၁ ဒသမ ၁၂ ရာခိုင်နှုန်း ဖြင့် အောင်ချက်အများဆုံး ရရှိခဲ့သည်။

ရခိုင်ပြည်နယ်သည် ယခင် နှစ်က အောင်ချက် ၂၁ ဒသမ ၁၉ ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံး၌ အောင်ချက်အနည်းဆုံး ဖြစ်ခဲ့သည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း တစ်ပတ်အတွင်း ထုတ်ပေးမည်

ယခင်နှစ်က ၁၄ ဒသမ ၃၆ ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းဆုံးဖြစ်ခဲ့သော ချင်းပြည်နယ်သည် ၅ ရာခိုင်နှုန်းခန့် အောင် ချက်မြင့်တက်လာသည်။

‘‘မွန်ပြည်နယ်က ၂၀၁၃ က နေ ငါးနှစ်အတွင်း အောင်ချက် အမြင့်ဆုံး လေးကြိမ်ရတာပါ။ ၂၀၁၅ မှာ ဧရာဝတီကတစ်ကြိမ် ရလိုက်တယ်။ မနှစ်က ဧရာဝတီ တော်တော်ကျသွားရာကနေ ဒီနှစ် တော့ အလယ်အလတ်လောက် ပြန်ရောက်လာတာ တွေ့ရတယ်။ ရခိုင်ကတော့ ချင်းပြီးရင် သူက နှစ်တိုင်းလို နည်းပေမယ့် ဒီနှစ် တော့ ချင်းထက်တောင် နည်း သွားတယ်။ သူ့ဆီက အရေး အခင်းတွေနဲ့လည်း ဆိုင်မယ်ထင် ပါတယ်။ ကျောင်းတွေက ခဏ ခဏ ပိတ်ရတာမျိုး ကြုံတာကိုး’’ ဟု ရန်ကုန်တိုင်းဒေသကြီး ပညာ ရေးမှူးရုံး ဒုတိယညွှန်ကြားရေး မှူး တစ်ဦးက ပြောသည်။

ယခုနှစ်တွင် ဘောဂဗေဒ ဘာသာရပ် ဂုဏ်ထူးရရှိသူအများ ဆုံးဖြစ်ပြီး သမိုင်းဘာသာရပ် ဂုဏ်ထူးရရှိသူ အနည်းဆုံးဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၇ ရက် နံနက် ၁ နာရီခန့်ကစ၍ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် ထုတ်ပြန်ခဲ့ပြီး နံနက် ၆ နာရီတွင် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်ခ်တို့မှ တစ်ဆင့် ကြည့်ရှုနိုင်ရန် စီစဉ်ပေး ခဲ့သည်။

‘‘မနှစ်ကတည်းက အွန်လိုင်း က ကြည့်ဖို့စီစဉ်ပေးဖူးပေမယ့် ဒီနှစ်တော့ မနှစ်ကအတွေ့အကြုံ တွေယူပြီး Error မတက်အောင်၊ Server Down မသွားအောင် စီစဉ်ထားတော့ ကြည့်ရတာ အဆင်ပြေတယ်လို့ ပြန်ကြားရ တယ်’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူးတစ်ဦးက ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 2642 times