Sales Hotline : 09448001653       Download App



၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံတွဲ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မောင်သုတရဲမိုးနှင့် တွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံတွဲ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မောင်သုတရဲမိုးနှင့် တွေ့ဆုံခြင်း

သိပ္ပံဘာသာတွဲ တစ်နိုင်ငံလုံးအမှတ်အများဆုံး မောင်သုတရဲမိုးနှင့်တွေ့ဆုံခြင်း

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၇ ရက် တွင်ထုတ်ပြန်ရာ ဖြေဆိုသူ ၇၁၆,၁၈၈ ဦး၌ အောင်မြင်သူ၂၄၂,၇၃၆ ဦးရှိပြီး အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်။

ဂုဏ်ထူးရှင် ၂၈,၆၁၂ ဦး ပေါ်ထွက်ခဲ့ပြီး ၎င်းတို့အနက် သိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံ လုံး အမှတ်အများဆုံးအဖြစ် ၅၅၅မှတ်ဖြင့် အထက (၂) ရန်ကင်းမြို့နယ်မှ ခြောက်ဘာသာဂုဏ်ထူးရှင် မောင်သုတရဲမိုးက ရရှိခဲ့သည်။

ပျမ်းမျှရမှတ် ၉၂ ဒသမ ၅ မှတ်နှုန်း ရရှိခဲ့သော အသက် (၁၆)နှစ်ကျော်အရွယ်ကျောင်းသား မောင်သုတရဲမိုး၏ ကြိုးစားအားထုတ်မှုကို တွေ့ဆုံမေးမြန်း၍ ရေးသားဖော် ပြလိုက်ပါသည်။

တစ်နိုင်ငံလုံး ပထမဆိုတာ ဘယ် လိုသိခဲ့ပါသလဲ။ အောင်စာရင်း ကို ကိုယ်တိုင်ကြည့်ဖြစ်ခဲ့တာ လား။

ပညာရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ နာမည်တွေ့ခဲ့ တာပါ။ ပြီးတော့ ကျောင်းမှာ လည်း လာကြည့်တယ်။ Top Ten မှာ ပါတယ်ဆိုတာကတော့ ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ရင်း တွေ့တာပါ။

READ -မြန်မာကျောင်းသားများ ဥရောပသမဂ္ဂ၏ Erasmus Mundus ပညာသင်ဆု လျှောက်ထားနိုင်

အခုလို မြန်မာတစ်နိုင်ငံလုံး အ မှတ်အများဆုံးရအောင် တစ်နှစ် လုံး ဘယ်လိုမျိုးကြိုးစားအားထုတ် ခဲ့ရသလဲဆိုတာ ပြောပြပေးပါဦး။

တစ်နေ့ကို အိပ်ချိန် အနည်း ဆုံး ခြောက်နာရီရအောင် အိပ် တယ်။ အိပ်ချိန်နဲ့ စာကျက်ချိန်မျှ အောင် ဂရုစိုက်ရတယ်။ စာကို အကြွေးမထားဘူး။ တစ်နေ့စာ တစ်နေ့ ပုံမှန်အမြဲတမ်းကျက် တယ်။ ၂၀၀၁ ကစပြီး ၂၀၁၆ အထိ မေးခွန်းဟောင်းတွေကို လေ့လာတယ်။ အလွတ်ကျက်ရမယ့် ဟာတွေ ကျက်တယ်။ ဖတ်စာ အုပ်ထဲက ဘယ်အခန်းကိုမှ မလွတ်ဘဲ ဖတ်မှတ်လေ့လာ တယ်။ စာစီစာကုံးနဲ့ အက်ဆေး ကို တစ်ပတ်ကို နှစ်ပုဒ်လောက် ရေးဖြစ်တယ်။ စာကို မှတ်မိ အောင် ခဏခဏပြန်နွှေးဖြစ်ပါ တယ်။ ဘာသာရပ်အားလုံးကို တစ်ခုမှ မလစ်ဟင်းစေဘဲ အမှတ် များများ သယ်နိုင်အောင် လေ့ ကျင့်ပါတယ်။

ကျောင်းချိန်နဲ့ ကျူရှင်အချိန်ကို ဘယ်လိုမျှအောင် လုပ်ခဲ့လဲ။ ဝန်ပိတာမျိုးရှိခဲ့လား။

ကျောင်းက နှစ်ချိန်ကျောင်း ဆိုတော့ မနက် ၇ နာရီကနေ ၁၂ နာရီအထိ ကျောင်းပုံမှန်တက် တယ်။ ၁၂ နာရီခွဲကနေ ၃ နာရီ လောက်အထိတက်ပြီး ၈ နာရီ လောက်ကနေ ၁၂ နာရီ၊ ၁ နာရီ လောက်အထိ ကျက်တယ်။ အ ရမ်းဝန်ပိတာမျိုးဖြစ်ဖူးတယ်။ အဲ ဒီအချိန်တော့ ကျောင်းရော၊ ကျူ ရှင်ရော ဘယ်မှမသွားဘဲ နားလိုက်တယ်။

အခုလိုမျိုး အမှတ်အများဆုံးရဖို့ မျှော်လင့်ထားခဲ့လား။ ဘယ်လိုခံ ယူချက်နဲ့ ကြိုးစားခဲ့လဲ။

အစကတော့ မမျှော်လင့် ဘူး။ ကိုယ့်ဘက်က အကောင်းဆုံး လုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲ တစ်နှစ် လုံး ကြိုးစားခဲ့တယ်။ စာမေးပွဲဖြေ ပြီးတဲ့အချိန်မှာ အရမ်းဖြေနိုင်ခဲ့ တော့ Top Ten ဝင်ဖို့ပါ မျှော်လင့် ခဲ့တယ်။ နံပါတ် (၁) ဖြစ်လိမ့်မယ် လို့တော့ မထင်မိဘူး။

ဘာသာရပ်တွေကို ဘယ်လိုပုံစံ မျိုး ကျက်မှတ်လေ့လာခဲ့လဲ။ ဘာ သာရပ်တစ်ခုချင်းစီအလိုက် ဘယ်လိုပုံစံမျိုး လေ့ကျင့်ခဲ့လဲ။

Time Table မထားပါဘူး။ ဂိုက်မထားပါဘူး။ ကိုယ်ကျက်ချင် တဲ့ ဘာသာရပ်ကို ကျက်တာပါ။ ကျူရှင်ကစစ်တဲ့ စာမေးပွဲတွေ ရော၊ ကျောင်းကစစ်တဲ့ စာမေးပွဲ တွေရော အကုန်လုံးကို လေးလေး စားစားဖြေတယ်။ သေသေချာချာ ပြင်ဆင်ပါတယ်။ စာမေးပွဲလေး တွေက အမှားတွေကို နမူနာယူပြီး စာမေးပွဲကြီးမှာ အမှားနည်းသည် ထက်နည်းအောင် ပြင်ဆင်ပါ တယ်။

အားလပ်ချိန်တွေကိုကော ဘယ် လိုအသုံးချလေ့ရှိလဲ။

အားလပ်ချိန်တွေမှာတော့ စာဖတ်တာများတယ်။ ပြီးတော့ တီဗီအစီအစဉ်တွေကလာတဲ့ ပြိုင်ပွဲတွေကြည့်တာ သဘောကျ တယ်။ Discovery အစီအစဉ်တွေ လည်း အကြည့်များတယ်။ ဆယ် တန်းနှစ်မှာတော့ ဖေ့စ်ဘွတ်ခ် မသုံးဘူး။ ဘောလုံးကန်တာတို့လို အားကစားမလုပ်ပေမယ့် အိမ်က ညီမရဲ့ လမ်းလျှောက်စက်မှာ ပြေး တာတို့၊ လမ်းလျှောက်တာတို့ လုပ်တယ်။

မိဘတွေကကော ဘယ်လိုပံ့ပိုး ပေးခဲ့လဲ။

မိဘတွေက ပံ့ပိုးကူညီမှု အ များဆုံးပေးခဲ့ပါတယ်။ ဖေဖေနဲ့ မေမေ နှစ်ယောက်စလုံးက ဂရု စိုက်တယ်။ မေမေကတော့ မြန်မာစာနဲ့ အင်္ဂလိပ်စာကို ဂိုက်လုပ်ပေး ပါတယ်။ အစားအသောက်၊ အ နေအထိုင်အားလုံး ဂရုစိုက်ပေး ပါတယ်။

ငယ်ငယ်ကတည်းကနေ အခုထိ ဘယ်လိုထူးချွန်ဆုတွေရခဲ့လဲ။

ဟုတ်ကဲ့။ အတန်းစဉ်ဆုတွေ တော့ ရပါတယ်။ အစိုးရကပေးတဲ့ အထက်တန်းပညာသင်ဆုကို ကိုးတန်းကနေ ၁၀ တန်းအထိ ရခဲ့ပါတယ်။ Horizon ကလုပ်တဲ့ သင်္ချာပြိုင်ပွဲတွေမှာလည်း တတိ ယဆုနှစ်ကြိမ်ရဖူးပါတယ်။ အာဆီယံနိုင်ငံ သင်္ချာပြိုင်ပွဲမှာ ၂ နှစ် ဆက်တိုက် ရွှေတံဆိပ်ရထားပါ တယ်။ လူရည်ချွန်က ခရိုင်အဆင့် အထိ အရွေးခံရဖူးတယ်။ သင်္ချာ အိုလံပစ်ပြိုင်ပွဲ တိုင်းအဆင့်အထိ ပါခဲ့ဖူးပါတယ်။ ကျွန်တော်က သင်္ချာကို ဝါသနာပါတော့ ငယ် ငယ်ကတည်းက အပြင်စာအုပ်တွေ ဝယ်လေ့လာတယ်။ တွက် တယ်။

စိတ်ဓာတ်ကျတဲ့အချိန်ကော ရှိခဲ့ ဖူးလား။

ရှိဖူးတယ်။ စာမေးပွဲတစ်ခု မှာ ဓာတုဗေဒ အမှတ်အရမ်းနည်း သွားတော့ တော်တော်စိတ်ဓာတ် ကျသွားတယ်။ ငါအကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်အား တင်းပြီး ကြိုးစားခဲ့ပါတယ်။

အခုလိုမျိုး တစ်နိုင်ငံလုံး အမှတ် အများဆုံးနဲ့ ပထမရတော့ ဘယ် လိုခံစားရလဲ။

အရမ်းအံ့ဩပြီးတော့ ဝမ်း လည်းသာရပါတယ်။

Read - ၀ိဇ္ဇာ-သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကောလိပ်များအတွက် နည်းပြသရုပ်ပြဆရာ၊ ဆရာမများ ခေါ်ယူ

ဘယ်တက္ကသိုလ်တက်ဖို့ စဉ်းစား ထားလဲ။

ကျွန်တော် နည်းပညာတက္က သိုလ်ကိုရွေးဖို့ စဉ်းစားထားပါ တယ်။ ဘွဲ့လွန်ကိုတော့ ပြည်ပ တက္ကသိုလ်တွေမှာ ပညာသင်ဆု လျှောက်ပြီး ဆက်တက်ဖို့ ရည် ရွယ်ထားပါတယ်။

ထူးချွန်တဲ့ မျိုးဆက်သစ် လူငယ် တစ်ယောက်အနေနဲ့ တက္ကသိုလ် ဝင် စာမေးပွဲဖြေဆိုမယ့် မောင် ငယ်၊ ညီမငယ်တွေကို ဘယ်လို အကြံပြုစကားပြောချင်ပါသလဲ။

တစ်နေ့စာတစ်နေ့ အကြွေး မထားပါနဲ့။ စာကို ပုံမှန်ကျက်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ မိဘ၊ ဆရာသမားတွေကို ရိုသေပါ။ ဘာသာတရားလုပ်ပါလို့ ပြောချင် ပါတယ်။

စံထားရတဲ့၊ သဘောကျတဲ့ ပုဂ္ဂိုလ်တွေကောရှိလား။

စာအုပ်ဖတ်ရင် ဆရာဖေ မြင့်ရဲ့ နှလုံးသားအာဟာရစာစု များလို စာအုပ်တွေဖတ်တော့ ဆရာဖေမြင့်ကို သဘောကျ တယ်။ စံထားရတဲ့ပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။ သူ့ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းတွေ ရယ်၊ နိုင်ငံအတွက် ကောင်းကျိုး ကို လိုလားတဲ့၊ လုပ်ဆောင်တဲ့ စိတ်ဓာတ်ရယ်ကို အရမ်းလေးစား ပါတယ်။

ဖြည့်စွက်ပြောချင်တာ ရှိပါ သလား။

ကျွန်တော် အခုလို ပထမ ဖြစ်ခဲ့တာ ကျောင်းက ဆရာ၊ ဆရာမတွေရော၊ ကျူရှင်စာသင် ဝိုင်းက ဆရာ၊ ဆရာမတွေရော၊ ကျွန်တော့်ဆရာကြီး ဦးလှကျော် ဦးတို့ရဲ့ ကျေးဇူးတွေကြောင့်လည်း ပါပါတယ်။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါ တယ်။

အခုလိုဖြေပေးတာ ကျေးဇူးတင် ပါတယ်။

READ - ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးအမှတ်များ

www.edge.com.mm

Source: 7 day daily

News Read 5305 times