Sales Hotline : 09448001653       Download App



ယခုပညာသင်နှစ် ပထမအစမ်း စာမေးပွဲဖြေပြီးပါက အားနည်းချက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကြိုတင်ကုစားခြင်းများ စတင်ပြုလုပ်မည်

ယခုပညာသင်နှစ် ပထမအစမ်း စာမေးပွဲဖြေပြီးပါက အားနည်းချက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကြိုတင်ကုစားခြင်းများ စတင်ပြုလုပ်မည်

အားနည်းချက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပထမအစမ်းစာမေးပွဲပြီးချိန်မှ စတင်ပြီး ၄င်းတို့၏ ပညာရည်တိုးတက်မှုများကို ဂရုတစိုက် ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

မနှစ်ကတော့ နှစ်ဝက်ဆုံး စာမေးပွဲတွေပြီးမှ စပြီး ကုစားတာတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ စစ်ဆေးအကဲဖြတ်မှုတွေ ပြီးပြီဆိုတာနဲ့ ကလေးတစ်ယောက်ရဲ့ ပညာရည် တိုးတက်မှု နိမ့်လာနေတာပုံမှန်လား၊ နိမ့်ရာကနေ တိုးတက်သွားလားဆိုတာကို ဆရာ၊ ဆရာမများက အလေးထား ဆောင်ရွက်ပေးသွားရမှာပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ယခုပညာသင်နှစ်မှစတင်ပြီး အခြေခံပညာကျောင်းများတွင် အေ၊ ဘီ၊ စီ အတန်းများတွင် တော်၊ သင့်၊ ညံ့ ဟုသော အခန်းများကို မထားရှိတော့ဘဲ တစ်ပြေးညီဖြစ်စေရန် လိုအပ်ချက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် တော်သော ကျောင်းသား၊ ကျောင်းသူများအား နေရာနှောထားခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်တိုးတက်မှုများရှိလာရန် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားသည်။

ဒီနှစ်မှာ တော်တဲ့သူတေါ အေးခန်းမှာ စုထားတာတွေလည်း မရှိတော့ဘူး။

ညံ့တဲ့သူတွေကို တစ်နေရာထဲမှာ စုမထားတော့ဘဲ အကုန်ရောထားမှာ ဖြစ်ပြီး လိုအပ်ချက်ရှိတဲ့ ကျောင်းသားများကို ဆွဲတင်တာဖြစ်ပါတယ်။

ပြီးတော့ လိုအပ်ချက် ရှိရင်ရှိသလို အစမ်းစာမေးပွဲ၊ နှစ်ဝက်စာမေးပွဲ တောက်လျှောက် ကလေးများကို ပြန်သင်၊ ပြန်ကုစားတာတွေ လုပ်ကြမှာပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4540 times