Sales Hotline : 09448001653       Download App



၂၀၁၆-၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ဇွန်လ (၁၇) နေ့တွင် ထွက်မည်

၂၀၁၆-၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ဇွန်လ (၁၇) နေ့တွင် ထွက်မည်

တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၏ တရားဝင် Website ဖြစ်သည့် www.moe.gov.mm နှင့် Ministry of Education, Facebook စာမျက်နှာများမှ တစ်ဆင့် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများကို မိမိတို့ အိမ်မှနေ၍ လက်ကိုင်ဖုန်းများမှ တစ်ဆင့်ကြည့်ရှုနိုင်ရန် အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook စာမျက်နှာ နှင့် Website တို့မှ တစ်ဆင့် ထုတ်ပြန်ကြေညာနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနရဲ့အွန်လိုင်းမီဒီယာတွေကနေပဲ ကြေညာမှာပါ။ Facebook Team နဲ့ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းလို့ရရင် ပညာရေးဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာကနေ အရင်နှစ်ကအတိုင်း ကြေညာပေးမှာ ဖြစ်ပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းမှာ စတင်ဖြေဆိုတဲ့ မြန်မာစာဘာသာ ရပ်ဖြေဆိုတဲ့နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဝင်ရောက်ဖြေဆို သူဦးရေ ၇၁၆,၂၁၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၉၃.၃၃ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလိပ်စာဖြေဆိုတဲ့နေ့မှာ ရန်ကုန်တိုင်းဒေသကြီးက ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ဦးရေ ၁၁၄,၂၃၇ ဦးရှိပြီး ပျက်ကွက်သူက ကျား ၅၉၉၉ ဦးနဲ့ မ ၄၂၃၆ ဦး စုစုပေါင်း ၁၀,၂၃၅ ဦးရှိပြီး တစ်နိုင်ငံလုံးမှာ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ အများဆုံးဖြစ်ပြီး ပျက်ကွက်သူအများဆုံးလည်း ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

မန္တလေးတိုင်းဒေသကြီးမှာ အင်္ဂလိပ်စာဘာသာရပ်အတွက်ဝင် ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ ၁၀၅,ဝ၂၄ ဦးရှိပြီး လာရောက်ဖြေဆိုဖို့ ပျက်ကွက်သူဦးရေ ကျား ၃၂၁၉ ဦးနဲ့ မ ၂၁၁၆ ဦး စုစုပေါင်း ၅၃၃၅ ဦးရှိတယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုဖို့ ပျက်ကွက်သူဦးရေ ၅၂,၃၄၃ ဦးအထိရှိ တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုတဲ့ ကျောင်းသူကျောင်းသား တွေအနေနဲ့ စာမေးပွဲအစရက်ဖြစ်တဲ့ မြန်မာစာဘာသာရပ်ကို ဖြေဆို ချိန်နဲ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို ပြီးချိန်တွေမှာ နောက်ထပ်ဘာသာရပ်တွေ ထပ်မံဖြေဆိုဖို့ ကျောင်းသူကျောင်းသားဦးရေ သိသိ သာသာလျော့ကျသွားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ ၇၆၇,၄၂၂ ဦးရှိပြီး လာရောက်ဖြေဆိုသူဦးရေ ၇၁၅,ဝ၇၉ ဦးရှိပြီး ပျက်ကွက်သူ ဦးရေ ၅၂,၃၄၃ ဦးအထိ ရှိတာကြောင့် အင်္ဂလိပ်စာဖြေဆိုတဲ့ ရာခိုင်နှုန်း ၉၃.၁၈ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က  စာရင်းတွေအရ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ကို မတ်လ ၈ ရက်နေ့က မတ်လ၁၇ ရက်နေ့အထိ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲမှာတော့ အောင် စာရင်းတွေကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပေး ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူဦးရေ ၆၃၆,၂၃၇ ဦးရှိခဲ့တဲ့အထဲက အောင်မြင်သူဦးရေ ၁၉၀,၃၈၈ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၉.၉၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

News Read 57395 times