Sales Hotline : 09448001653       Download App



၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၏ Website, Facebook များမှ တစ်ဆင့် ကြေညာပေးမည်

၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၏ Website, Facebook များမှ တစ်ဆင့် ကြေညာပေးမည်

ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများကို မိမိတို့ အိမ်မှနေ၍ လက်ကိုင်ဖုန်းများမှ တစ်ဆင့်ကြည့်ရှုနိုင်ရန် အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook စာမျက်နှာ နှင့် Website တို့မှ တစ်ဆင့် ထုတ်ပြန်ကြေညာနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနရဲ့အွန်လိုင်းမီဒီယာတွေကနေပဲ ကြေညာမှာပါ။ Facebook Team နဲ့ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းလို့ရရင် ပညာရေးဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာကနေ အရင်နှစ်ကအတိုင်း ကြေညာပေးမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အခြားအွန်လိုင်းအနေနဲ့ကတော့ ၀န်ကြီးဌာနရဲ့ Website က ကြည့်လို့ရအောင် စီစဉ်နေပါတယ်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ရှိနေသော ၂၀၁၆ ခုနှစ်၏ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယခုနှစ်တွင် ဖြေဆိုသော အောင်စာရင်းများဟု share ပြုလုပ်ပြီး ပြောကြားနေမှုများ ရှိပါသည်။

ယခုနှစ်တွင် ဖြေဆိုထားသော တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထွက်ရှိမည့်ရက်အား ထုတ်ပြန်နိုင်သည့် အချိန်တွင် တရားဝင်ကြေညာပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ခုနှစ်သိန်းကျော် ၀င်ရောက်ဖြေဆိုထားကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 19237 times