Sales Hotline : 09448001653       Download App



၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သူပိုမိုများပြား

၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သူပိုမိုများပြား






 




 







Source: Democracy

 

**Unicode**

 

၂၀၂၀ ပြည့်နှစ်ကတက္ကသိုလ်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ (၉၅၈၀၀၀) ကျော်ရှိရာ ယခင်နှစ်ကထက် ခြောက်သောင်းကျော် ပိုများလာကြောင်း သိရပါတယ်။


၂၀၂၀ ပြည့်နှစ်တွင် ဖြေဆိုမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် လျှောက်ထားမှုများကို စက်တင်ဘာ (၃၀) ရက်က နောက်ဆုံးထား လျှောက်ထားစေခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၉၅၈၀၀၀) ကျော်ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းပေးသွင်းခဲ့သူမှာ (၈၉၀၀၀၀) ကျော်ရှိခဲ့ရာ ယခင်နှစ်ကထက် ခြောက်သောင်းကျော်ပိုမိုများပြားနေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။


" အကြမ်းဖျင်းအရဆိုရင် ကိုးသိန်းငါးသောင်းရှစ်ထောင်ကျော်ရှိပါတယ်။ ဒီပုံအတိုင်းဆိုရင် ကိုးသိန်းခြောက်သောင်းလောက် ဖြစ်မယ်ထင်ပါတယ်။ ဝေးတဲ့နေရာတွေက တစ်ယောက်စ နှစ်ယောက်စ လာတင်နေတဲ့ သူတွေရှိနေသေးလို့ပါ" ဟုမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ဒီမိုကရေစီတူးဒေးသို့ အောက်တိုဘာ (၂၁) ရက်ပြောကြားပါတယ်။


High School အထက်တန်းကျောင်းများ (93) High School နှင့်ပတ်သက်ပြီး သင်တန်း (93)ခု ရှာရန်နှိပ်ပါ။


ယခင်နှစ်ကစာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူမှာ ရှစ်သိန်းကိုးသောင်းကျော်ရှိခဲ့သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာနပေါင်း (၁၈၀၀) ခန့်ဖွင့်လှစ်ခဲ့ရသည့်အတွက် ယခုနှစ်တွင် စာမေးဖြေဆိုရန် စာရင်းပေးသွင်းသူမှာ ကိုးသိန်းကျော် နေသည့်အတွက် စာစစ်ဌာနအရေအတွက်များကိုလည်း ယခင်နှစ်ကထက်တိုးမြင့်ဖွင့်လှစ်ရန်တင်ပြနေမှုများလည်း ရှိနေကြောင်း သိရပါတယ်။


Read More:>>>မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် တက်ရောက်ခွင့်ရသူများ ဆောင်ရွက်ရန်


" စာစစ်ဌာနတွေကတော့ တိုးဖို့အတွက် လာတင်ပြတာတွေရှိပါတယ်။ မနှစ်ကထက်တော့တိုးပါလိမ့်မယ်" ဟု ဦးမျိုးညွှန့်ကဆက်လက်ပြောကြားပါတယ်။
၂၀၂၀ ပြည့်နှစ်တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာကျောင်းများမှ ဝင်ရောက်ဖြေဆိုမည့် အရေအတွက်မှာ (၅၈၀၀၀၀) ကျော်ရှိပြီး ပြင်ပမှ ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းသူသည် (၃၇၀၀၀၀) ကျော်ရှိနေကြောင်း သိရပါတယ်။


၂၀၂၀ ခုနှစ်တွင် အခြေခံပညာကျောင်းများမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများကို အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်များပေးအပ်မည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။


Source: Democracy

 

News Read 1433 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176