Sales Hotline : 09448001653       Download App



နှစ် (၂၀) ကြာပိတ်ထားသည့် အောင်ဆန်းစက်မှုလက်မှုအထက်တန်းကျောင်း ဒီဇင်ဘာတွင် ပြန်ဖွင့်မည်

နှစ် (၂၀) ကြာပိတ်ထားသည့် အောင်ဆန်းစက်မှုလက်မှုအထက်တန်းကျောင်း ဒီဇင်ဘာတွင် ပြန်ဖွင့်မည်

ႏွစ္ (၂၀) ၾကာပိတ္ထားသည့္ အင္းစိန္ၿမိဳ႕နယ္၊ စဥ့္ငူရပ္ကြက္ရွိ ေအာင္ဆန္းစက္မႈလက္မႈ အထက္တန္းေက်ာင္းကို ဒီဇင္ဘာတြင္ ျပန္ဖြင့္ၿပီး AGTI သင္တန္း () ခု ဖြင့္လွစ္သင္ၾကားမည္ျဖစ္သည္။

ေမာ္ေတာ္ယာဥ္ျပဳျပင္ထိန္းသိမ္းမႈနည္းပညာ၊ စက္မႈလုပ္ငန္းဆိုင္ရာ လွ်ပ္စစ္အင္ဂ်င္နီယာဘာသာရပ္ () ခုအတြက္ AGTI () ႏွစ္သင္တန္းမ်ားကို ထိုေက်ာင္းတြင္ ဖြင့္လွစ္သင္ၾကားမည္ဟု ပညာေရးဝန္ႀကီးဌာနက ေအာက္တိုဘာ (၁၆) ရက္တြင္ ေၾကညာသည္။

 

“THS (စက္မႈလက္မႈအထက္တန္းေက်ာင္း) ေအာင္ဆန္းကအၿမဲဖြင့္ခဲ့တာမဟုတ္ဘူး။ သံုးႏွစ္ေလာက္ပဲ THS ေအာင္ဆန္းအေနနဲ႔ဖြင့္ခဲ့ပါတယ္။ (၁၉၉၉) ေလာက္မွာ ပိတ္သြားတယ္။ အဲဒီေနာက္ပိုင္းကာလကို သင္တန္းေလးေတြေလာက္ပဲ ဖြင့္ခဲ့တာျဖစ္တယ္။ အခုမွ Main Building ကိုျပန္ၿဖိဳခ်ၿပီး ဂ်ပန္အကူအညီနဲ႔ျပန္ဖြင့္မွာျဖစ္ပါတယ္” ဟု ေက်ာင္း၏ေက်ာင္းအုပ္ၾကီး ေဒါက္တာရန္ႏို္င္ထြန္းကေျပာသည္။ ေအာင္ဆန္းစက္မႈလက္မႈအထက္တန္းေက်ာင္းကို (၁၉၈၂) တြင္ဖြင့္ခဲ့ၿပီး (၁၉၉၉) ကစတင္ ပိတ္ထားျခင္းျဖစ္သည္။

 

အဆိုပါေက်ာင္းအေဆာက္အအံုမ်ားကို ျပင္ဆင္ၿပီးျပန္ဖြင့္ႏိုင္ရန္ (၂၀၁၈) ေအာက္တိုဘာက စတင္ေဆာင္ရြက္ၿပီး ေက်ာင္းစီမံကိန္းအတြက္ ဂ်ပန္အစိုးရက ယန္း (.၇၂၆ ဘီလီယံ) ကူညီထားသည္။

ေက်ာင္း၏ပင္မအေဆာက္အအံုသည္ ယိုယြင္းေနၿပီျဖစ္၍ ၿဖိဳခ်ကာ အသစ္ျပန္ေဆာက္လုပ္မည္ျဖစ္ၿပီး အေဆာက္အအံုမ်ားျပင္ဆင္မႈကို (၂၀၂၁) ေမလတြင္ အၿပီးသတ္မည္ဟု ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA) က သတင္းထုတ္ျပန္ထားသည္။

 

Hardware & Networking (170) Hardware & Networking ႏွင့္ပတ္သက္ျပီး သင္တန္း (170) ခုရွာရန္ႏွိပ္ပါ။

 

ဒီဇင္ဘာတြင္ စတင္မည့္ (၂၀၁၉-၂၀) ပညာသင္ႏွစ္ကစၿပီး ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာ သင္တန္းေက်ာင္းအျဖစ္ ျပန္ဖြင့္မည္ျဖစ္ၿပီး ထိုသင္တန္းမ်ားကို ျပင္ဆင္မႈၿပီးစီးသည့္ အေဆာင္အအံုမ်ားတြင္ ဖြင့္လွစ္မည္ျဖစ္သည္။

ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္းတြင္ ပထမဆံုးျပန္ဖြင့္လွစ္မည့္ သင္တန္းအပတ္စဥ္တြင္ ဘာသာရပ္တစ္ခုလွ်င္ (၂၀) ဦးစီျဖင့္ သင္တန္းသားစုစုေပါင္း (၄၀) ဦးသာ ေခၚယူမည္ျဖစ္သည္။

 

အထူးျပဳဘာသာရပ္တစ္ခုလွ်င္ ဆရာ၊ ဆရာမ (၁၀) ဦးေက်ာ္က သင္ၾကားမည္ျဖစ္ၿပီး ထိုဆရာ၊ ဆရာမမ်ားကို ဂ်ပန္ႏိုင္ငံက ေလ့က်င့္သင္တန္းေပးထားသည္ဟု ေဒါက္တာရန္ႏိုင္ဦးကဆိုသည္။ တကၠသို္လ္ဝင္ခြင့္စာေမးပဲြကို သခ်ၤာ၊ ရူပေဗဒ၊ ဓာတုေဗဒမ်ား ပါဝင္ေသာ ဘာသာတဲြျဖင့္ ေအာင္ျမင္သူမ်ား သင္တန္းဝင္ခြင့္ေလွ်ာက္ထားႏိုင္ၿပီး ဝင္ခြင့္ေလွ်ာက္လႊာမ်ားကို ေအာက္တိုဘာ (၁၇) ရက္မွ ႏိုဝင္ဘာ () ရက္အထိ ဂ်ပန္-ျမန္မာ ေအာင္ဆန္း သက္ေမြးပညာသင္တန္းေက်ာင္းတြင္ ထုတ္ယူရမည္ျဖစ္သည္။

 

Graphic Design (239) Graphic Design ႏွင့္ပတ္သက္ျပီး သင္တန္း (239) ခုရွာရန္ႏွိပ္ပါ။

 

ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ၊ က်န္းမာေရးေကာင္းမြန္ေၾကာင္း ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ ေထာက္ခံစာမူရင္း၊ တကၠသိုလ္စာေမးပဲြ အမွတ္စာရင္းမူရင္း၊ အိမ္ေထာင္စုစာရင္းမိတၱဴ၊ ပတ္စ္ပို႔ဓာတ္ပံု () ပံုတို႔ျဖင့္ သင္တန္းဝင္ခြင့္ေလွ်ာက္ထားရမည္ျဖစ္သည္။

က်န္းမာေရးေကာင္းမြန္ကာလက္ေတြ႔လုပ္ငန္းခြင္ႏွင့္ စက္ရံု၊ ကုမၸဏီမ်ားသို႔ ကြင္းဆင္းေဆာင္ရြက္ႏိုင္ရမည္ျဖစ္ၿပီး တကကၠသိုလ္ဝင္စာေမးပဲြတြင္ အဂၤလိပ္စာႏွင့္ သခ်ၤာရမွတ္ေပါင္းေပၚ မူတည္ကာ သင္တန္းသား စိစစ္လက္ခံမည္ျဖစ္သည္။

 

ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္းမွ AGTI () ႏွစ္သင္တန္းၿပီးဆံုးပါက ဒီပလိုမာေပးအပ္မည္ျဖစ္ၿပီး သတ္မွတ္အရည္အခ်င္းကိုက္ညီပါက နည္းပညာတကၠသိုလ္ တတိယႏွစ္သို႔ ေပါင္းကူးတက္ေရာက္ခြင့္ျပဳမည္ဟု ပညာေရးဝန္ႀကီးဌာနကေၾကညာထားသည္။

 

Source: 7Day Daily

 

**Unicode**

 

နှစ် (၂၀) ကြာပိတ်ထားသည့် အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်ရှိ အောင်ဆန်းစက်မှုလက်မှု အထက်တန်းကျောင်းကို ဒီဇင်ဘာတွင် ပြန်ဖွင့်ပြီး AGTI သင်တန်း (၂) ခု ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။

မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာ၊ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် (၂) ခုအတွက် AGTI (၃) နှစ်သင်တန်းများကို ထိုကျောင်းတွင် ဖွင့်လှစ်သင်ကြားမည်ဟု ပညာရေးဝန်ကြီးဌာနက အောက်တိုဘာ (၁၆) ရက်တွင် ကြေညာသည်။


“THS (စက်မှုလက်မှုအထက်တန်းကျောင်း) အောင်ဆန်းကအမြဲဖွင့်ခဲ့တာမဟုတ်ဘူး။ သုံးနှစ်လောက်ပဲ THS အောင်ဆန်းအနေနဲ့ဖွင့်ခဲ့ပါတယ်။ (၁၉၉၉) လောက်မှာ ပိတ်သွားတယ်။ အဲဒီနောက်ပိုင်းကာလကို သင်တန်းလေးတွေလောက်ပဲ ဖွင့်ခဲ့တာဖြစ်တယ်။ အခုမှ Main Building ကိုပြန်ဖြိုချပြီး ဂျပန်အကူအညီနဲ့ပြန်ဖွင့်မှာဖြစ်ပါတယ်” ဟု ကျောင်း၏ကျောင်းအုပ်ကြီး ဒေါက်တာရန်နိုင်ထွန်းကပြောသည်။ အောင်ဆန်းစက်မှုလက်မှုအထက်တန်းကျောင်းကို (၁၉၈၂) တွင်ဖွင့်ခဲ့ပြီး (၁၉၉၉) ကစတင် ပိတ်ထားခြင်းဖြစ်သည်။


အဆိုပါကျောင်းအဆောက်အအုံများကို ပြင်ဆင်ပြီးပြန်ဖွင့်နိုင်ရန် (၂၀၁၈) အောက်တိုဘာက စတင်ဆောင်ရွက်ပြီး ကျောင်းစီမံကိန်းအတွက် ဂျပန်အစိုးရက ယန်း (၂.၇၂၆ ဘီလီယံ) ကူညီထားသည်။

ကျောင်း၏ပင်မအဆောက်အအုံသည် ယိုယွင်းနေပြီဖြစ်၍ ဖြိုချကာ အသစ်ပြန်ဆောက်လုပ်မည်ဖြစ်ပြီး အဆောက်အအုံများပြင်ဆင်မှုကို (၂၀၂၁) မေလတွင် အပြီးသတ်မည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က သတင်းထုတ်ပြန်ထားသည်။


Hardware & Networking (170) Hardware & Networking နှင့်ပတ်သက်ပြီး သင်တန်း (170) ခုရှာရန်နှိပ်ပါ။


ဒီဇင်ဘာတွင် စတင်မည့် (၂၀၁၉-၂၀) ပညာသင်နှစ်ကစပြီး ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းအဖြစ် ပြန်ဖွင့်မည်ဖြစ်ပြီး ထိုသင်တန်းများကို ပြင်ဆင်မှုပြီးစီးသည့် အဆောင်အအုံများတွင် ဖွင့်လှစ်မည်ဖြစ်သည်။

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းတွင် ပထမဆုံးပြန်ဖွင့်လှစ်မည့် သင်တန်းအပတ်စဉ်တွင် ဘာသာရပ်တစ်ခုလျှင် (၂၀) ဦးစီဖြင့် သင်တန်းသားစုစုပေါင်း (၄၀) ဦးသာ ခေါ်ယူမည်ဖြစ်သည်။


အထူးပြုဘာသာရပ်တစ်ခုလျှင် ဆရာ၊ ဆရာမ (၁၀) ဦးကျော်က သင်ကြားမည်ဖြစ်ပြီး ထိုဆရာ၊ ဆရာမများကို ဂျပန်နိုင်ငံက လေ့ကျင့်သင်တန်းပေးထားသည်ဟု ဒေါက်တာရန်နိုင်ဦးကဆိုသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒများ ပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်သူများ သင်တန်းဝင်ခွင့်လျှောက်ထားနိုင်ပြီး ဝင်ခွင့်လျှောက်လွှာများကို အောက်တိုဘာ (၁၇) ရက်မှ နိုဝင်ဘာ (၁) ရက်အထိ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်းတွင် ထုတ်ယူရမည်ဖြစ်သည်။


Graphic Design (239) Graphic Design နှင့်ပတ်သက်ပြီး သင်တန်း (239) ခုရှာရန်နှိပ်ပါ။


နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း၊ တက္ကသိုလ်စာမေးပွဲ အမှတ်စာရင်းမူရင်း၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ (၃) ပုံတို့ဖြင့် သင်တန်းဝင်ခွင့်လျှောက်ထားရမည်ဖြစ်သည်။

ကျန်းမာရေးကောင်းမွန်ကာလက်တွေ့လုပ်ငန်းခွင်နှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး တကက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်ပေါင်းပေါ် မူတည်ကာ သင်တန်းသား စိစစ်လက်ခံမည်ဖြစ်သည်။


ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းမှ AGTI (၃) နှစ်သင်တန်းပြီးဆုံးပါက ဒီပလိုမာပေးအပ်မည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းကိုက်ညီပါက နည်းပညာတက္ကသိုလ် တတိယနှစ်သို့ ပေါင်းကူးတက်ရောက်ခွင့်ပြုမည်ဟု ပညာရေးဝန်ကြီးဌာနကကြေညာထားသည်။


Source: 7Day Daily

News Read 3822 times