Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံရှိ အထက်တန်းကျောင်း (၄) ကျောင်းတွင် ပြင်သစ်ဘာသာစကားစတင်သင်ကြား

မြန်မာနိုင်ငံရှိ အထက်တန်းကျောင်း (၄) ကျောင်းတွင် ပြင်သစ်ဘာသာစကားစတင်သင်ကြား

ျမန္မာႏိုင္ငံတြင္ ပထဆုံးအႀကိမ္အျဖစ္ အေျခခံပညာေက်ာင္းမ်ား၌ ျပင္သစ္ဘာသာစကား စတင္သင္ၾကားေပးေနၿပီျဖစ္တယ္လို႔ ျပင္သစ္ယဥ္ေက်းမႈဌာန (Institut français de Birmanie) ကေန သိရပါတယ္။

 

ျပင္သစ္ဘာသာစကားကို ဒုတိယႏိုင္ငံျခား ဘာသာစကားအျဖစ္ သင္ယူၾကရမည့္ ေရွ႕ေျပးစီမံကိန္းတြင္ ျမန္မာႏိုင္ငံအတြင္း ထိပ္တန္းေက်ာင္းမ်ားျဖစ္ေသာ အ..က (၁၆) မႏၲေလး၊ အ..က () ဒဂုံ၊ အ..က () ဗဟန္းႏွင့္ ရန္ကုန္ပညာေရးတကၠသိုလ္ ေလ့က်င့္ေရးေက်ာင္းတို႔ကို ေ႐ြးခ်ယ္သင္ၾကားေပးေနတာ ျဖစ္ပါတယ္။

 

ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕ရွိ ေ႐ြးခ်ယ္ထားသည့္ ေက်ာင္းမ်ားတြင္ တစ္ေက်ာင္းလွ်င္ ဆဌမတန္း တက္ေရာက္ေနၾကသည့္ အသက္ (၁၁)ႏွစ္အ႐ြယ္ ေက်ာင္းသူ၊ ေက်ာင္းသား သုံးဆယ္စီသည္ စက္တင္ဘာလ တတိယပတ္က စတင္ကာ ျပင္သစ္ဘာသာစကားကို စတင္သင္ယူေနၾကၿပီ ျဖစ္ပါတယ္။

 

Teaching Aid (5) သင္ေထာက္ကူ အေရာင္းကုမၸဏီမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

 

တစ္ပတ္လွ်င္ စာသင္ခ်ိန္ ႏွစ္ခ်ိန္ျဖင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ ျပင္သစ္စာေရးဆရာႀကီး မိုးလ်ဲ၏ မိခင္ဘာသာစကားကို ျမည္းစမ္းထိေတြ႕ခြင့္ရေနၿပီျဖစ္ၿပီး ေပ်ာ္႐ႊင္စရာ သင္ၾကားေရးအစီအစဥ္မ်ားလည္းပါဝင္ပါတယ္။

 

သင္႐ိုးၫႊန္းတမ္းကို ျပင္သစ္ယဥ္ေက်းမႈဌာန (IFB) ႏွင့္ မႏၲေလးျပင္သစ္စင္တာတို႔မွ ဆရာ၊ ဆရာမမ်ားႏွင့္ ကြၽမ္းက်င္သူမ်ားက ေရးဆြဲျပဳစုထားတာ ျဖစ္တယ္လို႔ သိရပါတယ္။

 

Read More:>>> တကၠသုိလ္ဝင္တန္းစာေမးပြဲကို ေက်ာင္းေျဖ၊ ျပင္ပေျဖသာမက အက်ဥ္းေထာင္၊ မသန္စြမ္းေက်ာင္းမ်ားမွလဲေျဖဆိုမည္

 

ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၏ ျမန္မာပညာေရးစနစ္ အစဥ္တိုးတက္ေနေစေရး ရည္႐ြယ္ခ်က္ေၾကာင့္ ျပင္သစ္ဘာသာစကားကို ႏိုင္ငံျခားဘာသာစကားတစ္ခုအျဖစ္ ကမာၻႏိုင္ငံအမ်ားအျပားတြင္ သင္ၾကားရာတြင္ ထင္ရွားသည့္ ျပင္သစ္ပညာေရး ကြၽမ္းက်င္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရာမွ ဤေရွ႕ေျပးစီမံကိန္း အေကာင္အထည္ေပၚလာျခင္း ျဖစ္ပါတယ္။

 

Credit : Yangon Directory

 

**Unicode**

 

မြန်မာနိုင်ငံတွင် ပထဆုံးအကြိမ်အဖြစ် အခြေခံပညာကျောင်းများ၌ ပြင်သစ်ဘာသာစကား စတင်သင်ကြားပေးနေပြီဖြစ်တယ်လို့ ပြင်သစ်ယဉ်ကျေးမှုဌာန (Institut français de Birmanie) ကနေ သိရပါတယ်။


ပြင်သစ်ဘာသာစကားကို ဒုတိယနိုင်ငံခြား ဘာသာစကားအဖြစ် သင်ယူကြရမည့် ရှေ့ပြေးစီမံကိန်းတွင် မြန်မာနိုင်ငံအတွင်း ထိပ်တန်းကျောင်းများဖြစ်သော အ.ထ.က (၁၆) မန္တလေး၊ အ.ထ.က (၁) ဒဂုံ၊ အ.ထ.က (၂) ဗဟန်းနှင့် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းတို့ကို ရွေးချယ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။


ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရွေးချယ်ထားသည့် ကျောင်းများတွင် တစ်ကျောင်းလျှင် ဆဌမတန်း တက်ရောက်နေကြသည့် အသက် (၁၁)နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသား သုံးဆယ်စီသည် စက်တင်ဘာလ တတိယပတ်က စတင်ကာ ပြင်သစ်ဘာသာစကားကို စတင်သင်ယူနေကြပြီ ဖြစ်ပါတယ်။


Teaching Aid (5) သင်ထောက်ကူ အရောင်းကုမ္ပဏီများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


တစ်ပတ်လျှင် စာသင်ချိန် နှစ်ချိန်ဖြင့် ကျောင်းသူ၊ ကျောင်းသားများသည် ပြင်သစ်စာရေးဆရာကြီး မိုးလျဲ၏ မိခင်ဘာသာစကားကို မြည်းစမ်းထိတွေ့ခွင့်ရနေပြီဖြစ်ပြီး ပျော်ရွှင်စရာ သင်ကြားရေးအစီအစဉ်များလည်းပါဝင်ပါတယ်။


သင်ရိုးညွှန်းတမ်းကို ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) နှင့် မန္တလေးပြင်သစ်စင်တာတို့မှ ဆရာ၊ ဆရာမများနှင့် ကျွမ်းကျင်သူများက ရေးဆွဲပြုစုထားတာ ဖြစ်တယ်လို့ သိရပါတယ်။


Read More:>>> တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းဖြေ၊ ပြင်ပဖြေသာမက အကျဉ်းထောင်၊ မသန်စွမ်းကျောင်းများမှလဲဖြေဆိုမည်


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မြန်မာပညာရေးစနစ် အစဉ်တိုးတက်နေစေရေး ရည်ရွယ်ချက်ကြောင့် ပြင်သစ်ဘာသာစကားကို နိုင်ငံခြားဘာသာစကားတစ်ခုအဖြစ် ကမ္ဘာနိုင်ငံအများအပြားတွင် သင်ကြားရာတွင် ထင်ရှားသည့် ပြင်သစ်ပညာရေး ကျွမ်းကျင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာမှ ဤရှေ့ပြေးစီမံကိန်း အကောင်အထည်ပေါ်လာခြင်း ဖြစ်ပါတယ်။


Credit : Yangon Directory

 

 

 

 

 

 

News Read 2399 times