Sales Hotline : 09448001653       Download App



ကျောင်းပြင်ပအလယ်တန်းပညာရေး ဒုတိယသုံးနှစ်စီမံချက်အောင်မြင်ပါက ထပ်မံတိုးချဲ့မည်

ကျောင်းပြင်ပအလယ်တန်းပညာရေး ဒုတိယသုံးနှစ်စီမံချက်အောင်မြင်ပါက ထပ်မံတိုးချဲ့မည်

**Unicode**

ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပတစ်သက်တာပညာရေးဦးစီးဌာနမှ ကျောင်းပြင်ပအလယ်တန်းပညာရေး ဒုတိယအကြိမ် သုံးနှစ်စီမံချက်ကို ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုရရှိပါက မြို့နယ်များထပ်မံတိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာန စီမံချက်မန်နေဂျာဦးထွန်းကြည်၏ပြောကြားချက်အရသိရသည်။

“ရည်ရွယ်ချက်ကတော့ ကျောင်းပြင်ပမူလတန်းပညာရေးဆိုရင် အသက် (၁၀) နှစ်ကနေ (၁၄) နှစ်အတွင်း မူလတန်းပညာကို ပြီးမြောက်အောင်နဲ့ အလယ်တန်း၊ အထက်တန်းပညာတွေကို ဆက်လက်အောင်မြင်အောင်ဖြစ်ပါတယ်။ အလားတူပဲ ကျောင်းပြင်ပအလယ်တန်းဆိုလည်း အသက် (၁၃) နှစ်အထက်ကလေးတွေ၊ အလယ်တန်းကို ဆက်မတက်နိုင်တဲ့လူတွေကို အလယ်တန်းတတ်မြောက်ပြီး အထက်တန်းတွေဆက်တက်နိုင်အောင် သင်ကြားပေးခြင်းဖြစ်ပါတယ်” ဟု ဦးထွန်းကြည်ကပြောကြားသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စက်တင်ဘာ (၁၃) ရက်တွင် ကျောင်းပြင်ပအလယ်တန်းပညာရေးကို မြို့နယ် (၈) ခုတွင် ကျောင်းသား၊ ကျောင်းသူဦးရေ (၂၇၀) ဖြင့် ဖွင့်လှစ်သင်ကြားပေးနေကြောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကို (၂၀၁၆) ခုနှစ်မှ (၂၀၁၈) ခုနှစ်အထိ ပထမသုံးနှစ်တာ စမ်းသပ်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ခန့် တက်ရောက်ပြီး (၁၇၆) ဦး အောင်မြင်မှုရရှိခဲ့ကြောင်းသိရသည်။

Source: မြဝတီ

**Zawgyi**


 


 


 

Source: မြဝတီ

News Read 3475 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176