Sales Hotline : 09448001653       Download App



ပထမတန်းကျောင်းအပ်မည့် ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်ကိုးအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် ၀တ်စုံများ အခမဲ့ပေးမည်

ပထမတန်းကျောင်းအပ်မည့် ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်ကိုးအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် ၀တ်စုံများ အခမဲ့ပေးမည်

လာမည့်မေလ တတိယပတ်ကျောင်းအပ်နှံရေး သီတင်းပတ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံမည်ဖြစ်ပါသည်။

ပထမတန်းလာရောက်အပ်နှံမည့် ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်ကိုးနှစ်၊ ဗလာစာအုပ် တစ်ဒါဇင်နှင့် ၀တ်စုံတို့ကို ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သွားမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ကေဂျီတန်းမှာ ကျောင်းသားကိုင်ပုံနှိပ်များဖြင့် စာသင်ရသည့် အတန်းမဟုတ်သည့်အတွက် ဗလာစာအုပ်နှင့် ပုံနှိပ်များ ရိုက်နှိပ်ထားခြင်းမရှိကြောင်း ကေဂျီတန်း ကျောင်းသား၊ ကျောင်းသူများကို ၀တ်စုံသာ ပေးအပ်မည် ဖြစ်သည်။

ကေဂျီတန်းက ကျောင်းသား၊ ကျောင်းသူများကို ဆရာကိုင် စာအုပ်နဲ့သင်ရတဲ့အတန်း ဖြစ်ပါသည်။

ပထမတန်းသုံးလကို စာမသင်ဘူး။ ပုံလေးတွေပြပြီးတော့ ပစ္စည်းလေးတွေနဲ့သင်ရတာဖြစ်သည်။

ထို့ကြောင့် ဗလာစာအုပ် နှင့် ပုံနှိပ်တို့ မပေးတာပါ။ ၀တ်စုံကတော့ ကေဂျီကနေ အထက်တန်းအထိ အကုန်ပေးမှာ ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပထမတန်းသင်ရိုးသစ်အတွက် အသစ်ရိုက်နှိပ်ထားသော ပုံနှိပ်စာအုပ်များကို ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြန့်ဝေပေးထားပြီး လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိနေပါသည်။

ပထမတန်းတွင် ကျောင်းသား၊ ကျောင်းသူများကို ဘာသာရပ် ၁၀ ခု သင်ကြားမည် ဖြစ်ပြီး ကျောင်းသားကိုင်ပုံနှိပ်ကိုးအုပ်အထိ အခမဲ့ပေးအပ်မည်ဖြစ်ကြောင်း၊ ကျန်တဲ့တစ်ဘာသာမှာ ဆရာကိုင် စာအုပ်ဖြစ်ပါသည်။

အားလုံးပေါင်းကတော့ ၁၀ ဘာသာ ဖြစ်ပြီး တစ်ဘာသာကိုတော့ ကျောင်းသား၊ ကျောင်းသူများကို ဆရာကိုင်စာအုပ်နဲ့ သင်ကြားမှာဖြစ်တဲ့အတွက် ကျောင်းသားတွေကို ပေးဖို့ မလိုပါဘူး။

လာမည့်ပညာသင်နှစ်တွင် ပထမတန်းကို တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ တစ်သန်းကျော် ရှိနေပြီး အသက်ခြောက်နှစ်ပြည့်ပြီးသော ကလေးတိုင်း ကေဂျီတန်းကို မတက်ရောက်ခဲ့ပါကလည်း ကျောင်းအပ်လက်ခံရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 8575 times