Sales Hotline : 09448001653       Download App



ပုဂ္ဂလိကနိုင်ငံတကာကျောင်းများမှ အစိုးရကျောင်းများသို့ ပြောင်းရွှေ့ပညာသင်ကြားလိုသူများ Placement Test ဖြေဆိုခွင့်လျှောက်ထားနိုင်

ပုဂ္ဂလိကနိုင်ငံတကာကျောင်းများမှ အစိုးရကျောင်းများသို့ ပြောင်းရွှေ့ပညာသင်ကြားလိုသူများ Placement Test ဖြေဆိုခွင့်လျှောက်ထားနိုင်

ပညာရေးဝန်ကြီးဌာနမှ အကြောင်းအမျိုးမျိုးကြောင့် ပုဂ္ဂလိကနိုင်ငံတကာကျောင်းများတွင် ပညာသင်ကြားလိုခြင်း မရှိတော့ဘဲ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက နိုင်ငံတကာကျောင်းများတွင် ပြန်လည်ပြောင်းရွှေ့တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test ဖြေဆိုခွင့်လျှောက်လွှာများကို မေလ ၈ ရက်မှ ၁၂ ရက်နေ့ နောက်ဆုံးလျှောက်ထားရ မည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Placement Test ဖြေဆိုခွင့်လျှောက်ထားသူများသည် အခြားကျောင်းများတွင် အောင်မြင်ခဲ့သော Level အရ တက်ရောက်လိုသော အတန်း၏ တစ်ဆင့်နိမ့်အတန်းကို Placement Test ဖြေဆိုရပြီး ပညာရေးဝန်ကြီးဌာန၏ အတန်းလိုက်သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းများကို ဖြေဆိုရမည်ဖြစ်သည်။

ဖြေဆိုလိုသော အတန်းနှင့် ကျောင်းမွေးသက္ကရာဇ်အရ ကိုက်ညီမှု ရှိရမည်ဖြစ်သည်။

လျှောက်ထားသူများသည် မိမိတက်ရောက်ခဲ့သော ကျောင်းမှ အောင်မြင်ခဲ့သော Level အတွက် ကျောင်းထောက်ခံစာမူရင်း သို့မဟုတ် အောင်လက်မှတ်ကို တင်ပြရမည် ဖြစ်ကြောင်း၊ ဖြေဆိုခွင့် လျှောက်ထားပြီးသော သူများအနေဖြင့် အသေးစိတ် အချက်အလက်များကို လျှောက်လွှာထုတ်ယူခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများတွင် ဆက်သွယ်စုံစမ်းပြီး အစီအစဉ်တိုင်း ၀င်ရောက် ဖြေဆိုကြရမည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနမှ Placement Test ဖြေဆိုခွင့်ကို ၂၀၁၄ ခုနှစ် ဇွန်လတွင် စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ထိုနှစ်က ၀င်ခွင့်ဖြေဆိုသူ ၁၀၀ ၀န်းကျင်ရှိခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

International/Private Read 1162 times