Sales Hotline : 09448001653       Download App



သတ်မှတ်ရက်ကျော်လွန်ပါကလည်း လက်ခံပေးသွားမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ

သတ်မှတ်ရက်ကျော်လွန်ပါကလည်း လက်ခံပေးသွားမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို သတ်မှတ်ရက် ကျော်လွန်သွားပါကလည်း လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

၂၀၂၀ ပြည့်နှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ စက်တင်ဘာ ()ရက်မှ စတင်ရောင်းချပေးသွားမည်ဖြစ်ပါတယ်။ စက်တင်ဘာ (၃၀) ရက်နောက်ဆုံးထားတင်သွင်းရန် သတ်မှတ်ထားကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရက်နောက်ကျပါကလည်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။

 

လျှောက်လွှာတွေကို မြို့နယ်အလိုက်ဖြေဆိုသူဘယ်လောက်ရှိတယ်ဆိုတာကို စာရင်းကောက်ပြီး ကျွန်တော်တို့ဆီမှာ လျှောက်လွှာဝယ်ပြီး ပြန်တင်ကြတာဆိုတော့ နောက်ကျတာမျိုးတော့မရှိဘူး။ တချို့က အစကမဖြေတော့ဘူးဆိုပြီးနေတယ်။ ဒါပေမဲ့သတ်မှတ်ရက်ကျော်သွားပြီးမှ ဖြေမယ်ဆိုပြီး စိတ်ပြောင်းသွားတယ်။

 

အဲ့ဒီလိုမျိုးလာတင်တဲ့ သူတွေတော့ရှိတယ်။ ရက်ကျော်ပေးမယ့်လည်း ကျွန်တော်တို့က စာမေးပွဲဆိုင်ရာကိစ္စတွေ မပြီးသေးရင်တော့ လက်ခံပေးတယ်။ ခုံနံပါတ်တွေ စီတာမျိုးပေါ့။ အဲ့ဒီကိစ္စတွေပြီးသွားရင်တော့ လက်ခံလို့မရတော့ဘူး" ဟုမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ဒီမိုကရေစီတူဒေးသတင်းစာသို့ သြဂုတ်လ (၂၅) ရက်ကပြောကြားခဲ့ပါတယ်။

 

၂၀၂၀ ပြည့်နှစ်တွင် ဖြေဆိုရမည့် တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာများတင်သွင်းရာတွင် ဘာသာတွဲအမှတ်စဉ် (၁၊ ၅၊ ၆၊ ၇၊ ၈) တို့ဖြင့် ဖြေဆိုမည့်သူများသည် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲအမှတ်စဉ် (၂၊ ၃၊ ၄) တို့ဖြင့် ဖြေဆိုမည့်သူများသည် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံတို့ဖြင့် တင်သွင်းရန် သတ်မှတ်ထားကြောင်း ပြင်ပမှဝင်ရောက်ဖြေဆိုသူများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးတွင် စာမေးပွဲဝင်ကြေးကျပ် (၇၀၀) တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး မိမိနေထိုင်ရာမြို့နယ်တွင် တင်သွင်းရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

 

Read More:>>>>> လက်မှတ်မဲ့ ဆရာ/ဆရာမ(၂) သောင်းခွဲကျော်ကိုစာပေးစာယူသင်တန်းပေးမည်

 

စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပေါ်တွင် ဖော်ပြပါရှိသော ဘာသာတွဲများမှ လွဲ၍ အခြားဘာသာတွဲများကို ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်သည့်အတွက် မိမိတို့ဖြေဆိုမည့် ဘာသာတွဲအလိုက်ပုံစံများ မှန်ကန်မှုရှိ/မရှိ သေချာစွာ စစ်ဆေးပြီးမှသာပေးပို့ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားပါတယ်။

ယခင်နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား/သူ () သိန်းခွဲကျော် ဖြေဆိုရန် စာရင်းပေးခဲ့ကြောင်းလဲသိရပါတယ်။

 

Source: Democracy

 

News Read 5434 times