Sales Hotline : 09448001653       Download App



စက်တင်ဘာလနောက်ဆုံးတင်သွင်းရမည့် တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာ

စက်တင်ဘာလနောက်ဆုံးတင်သွင်းရမည့် တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာ

တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ခွင့်လျှောက်လွှာများ စက်တင်ဘာလကုန် နောက်ဆုံးထားတင်သွင်းရမည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာလကုန်နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။

 

 

တကက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ () ရက်မှ (၃၀) ရက်အတွင်းရောင်းချမည်ဖြစ်ပြီး လျှောက်လွှာများအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ (၃၀) ရက်နောက်ဆုံးထားတင်သွင်းရမည်ဟု ဦးမျိုးညွန့်ကပြောကြားသည်။

 

စက်တင်ဘာ () ရက်ကစပြီး လျှောက်လွှာတွေ စရောင်းမှာပါ။

 

နောက်ဆုံးတင်သွင်းရမှာကတော့ စက်တင်ဘာ (၃၀) ရက်အထိပေါ့” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောကြားသည်။

 

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံမှလည်းကောင်း၊ ပြင်ပမှဖြေဆိုမည့်သူများသည် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများမှလည်းကောင်း လျှောက်လွှာများရယူ လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။

 

စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင် ဘာသာတွဲအမှတ် (၁၊ ၅၊ ၆၊ ၇၊ ၈) တို့ဖြင့်ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲအမှတ်စဉ် (၂၊ ၃၊ ၄) တို့ဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း အရောင်ခွဲခြားသတ်မှတ်ထားကြောင်းသိရသည်။

 

မြို့နယ်ပညာရေးမှူးများ၊ အခြေခံအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ သတ်မှတ်ရက်မတိုင်မီ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို (၂၀၀) ကျပ်၊ ငွေသွင်းတံဆိပ်ခေါင်းကို (၇၀၀) ကျပ်ဖြင့် နေပြည်တော်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၅၂) နှင့် ရန်ကုန်တိုင်း လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်မြို့အမှတ် (၁၆၆) လသာလမ်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့တွင် ၀ယ်ယူရမည်ဖြစ်ကြောင်းသိရသည်။

 

Read More:>>> အဝေးသင်တက်ရောက်မည့် ကျောင်းသား/သူများ အောက်တိုဘာ (၁၀) ရက်စတင်တက်ရောက်ရမည်

 

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများတွင် လျှောက်လွှာတင်သွင်းသူသည် န၀မတန်းအောင်မြင်ပြီးဖြစ်ကြောင်း ကျောင်းအုပ်ကြီးများနှင့် မြို့နယ်ပညာရေးမှူးများက ထောက်ခံလတ်မှတ်ရေးထိုး၍ တင်သွင်းရမည်ဖြစ်ကြောင်း ဦးမျိုးညွန့်ကပြောကြားသည်။

(၂၀၁၉) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ () ရက်မှ (၁၅) ရက်အထိကျင်းပခဲ့ပြီး လျှောက်ထားသူ () သိန်းခန့်ရှိရာ () သိန်းခွဲကျော်က ၀င်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။

 

Source: Daily Eleven

 

News Read 2448 times