Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် စာမေးပွဲကြေး ငွေသွင်းတံဆိပ်ခေါင်း ရောင်းချပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် စာမေးပွဲကြေး ငွေသွင်းတံဆိပ်ခေါင်း ရောင်းချပေးမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် ငွေကျပ် (၂၀၀) နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ် (၇၀၀) တန် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန စက်တင်ဘာလ () ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

 

စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာတွင် ဘာသာတွဲ အမှတ်စဉ် ၁၊ ၅၊ ၆၊ ၇၊ ၈ တို့ဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်ခွဲခြားသတ်မှတ်ထားကြောင်းသိရပါသည်။

 

ထို့ပြင် ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ် (၇၀၀) တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် ကပ်၍မိမိအမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် စက်တင်ဘာ () ရက်မှ (၃၀) ရက်အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း သိရပါသည်။

 

အလားတူ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား/သူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများက စာမေးပွဲဝင်ကြေး ငွေကျပ် (၇၀၀) တန်ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ () ရက်မှ (၃၀) ရက်အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း သိရပါသည်။

 

သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိမည်မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့် ပြုမည်မဟုတ်ကြောင်း၊ မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှုရှိ/မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါသည်။

 

Read More:>>>> အဝေးသင်တက္ကသိုလ် ကျောင်းသား/သူများ ရက်ပြည့်/အချိန်ပြည့်တက်ရန် အသိပေးခြင်း

 

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်၊ ရုံးအမှတ် (၅၂) မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ အမှတ် (၁၂)ရပ်ကွက်၊ ပါရမီလမ်း အခြေခံပညာကျောင်းသုံးစာအုပ် သိုလှောင်ရုံအနီး၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနှင့် ရန်ကုန်မြို့ လသာလမ်း၊ အမှတ် (၁၆၆)မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့တွင် ဝယ်ယူနိုင်ကြောင်းသိရပါသည်။

 

Source: Exam Guide

 

News Read 3304 times