Sales Hotline : 09448001653       Download App



လာမည့်ပညာသင်နှစ်အတွက် နေ့စားလပေးမူလတန်းပြများ ခန့်ထားရေးနှင့်ပတ်သက်ပြီး ညွှန်ကြားချက်မရှိ

လာမည့်ပညာသင်နှစ်အတွက် နေ့စားလပေးမူလတန်းပြများ ခန့်ထားရေးနှင့်ပတ်သက်ပြီး ညွှန်ကြားချက်မရှိ

တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများအနေဖြင့်လည်း လက်ရှိတွင် ရာထူးတိုး အပြောင်းအရွှေ့များအား ဆောင်ရွက်နေပြီး လစ်လပ်နေရာများကို သင်တန်းဆင်း ဆရာ၊ ဆရာမများနှင့် ဖြည့်ဆည်းခန့်ထားမှုများကို တွက်ချက်ဆောင်ရွက်နေကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အခြေခံပညာဦးစီးဌာနမှ နေ့စားလပေးများကို လိုအပ်မှသာ ခေါ်ယူမှုပြုလုပ်မည်ဟု ပြောကြားထားပြီး လာမည့် ပညာသင်နှစ်အတွက် တိုင်းဒေသကြီး ပြည်နယ်အချို့မှ နေ့စားလပေးများကို ခေါ်ယူမှု အနည်းငယ်သာ ပြုလုပ်မည်လည်း သိရသည်။

ပြီးခဲ့သည့်မတ်လတွင် ပညာရေးဝန်ကြီးဌာနမှ လာမည့်နှစ်နှစ်အတွင်း နေ့စားလပေးမူလတန်းပြများကို တစ်နှစ်လျှင် ငါးသောင်းနှုန်းခန့်အပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းသတင်းများမှာ အတည်ပြုနိုင်ခြင်း မရှိကြောင်း၊ ယင်းတို့ကို ခန့်ထားရာတွင် ခန့်မှန်း၍ မရဘဲ ကျောင်းအဆင့်တိုး၊ အငြိမ်းစားယူသူ၊ သေဆုံးသူ၊ နုတ်ထွက်သူ၊ ရာထူးတိုး အပြောင်းအရွှေ့များ၊ ပညာရေးကောလိပ်ဆင်းဖြည့်ဆည်း ခန့်ထားမှုများ အားလုံးတွက်ချက်ပြီးမှသာ ပညာသင်နှစ်တစ်ခုအတွက် လိုအပ်သော နေ့စားလပေးများကို တိုင်းဒေသကြီး ပြည်နယ်အလိုက် တွက်ချက်ရကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် တိုင်းဒေသကြီး ပြည်နယ်အသီးသီးအတွက် နေ့စားလပေး နှစ်သောင်းကျော်ကို ခန့်ထားခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 11104 times