Sales Hotline : 09448001653       Download App



မြို့ပြစီမံကိန်းနှင့် ပတ်သက်သော ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ

မြို့ပြစီမံကိန်းနှင့် ပတ်သက်သော ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ

မြို့ပြစီမံကိန်းနှင့် ပတ်သက်သော ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တွေမှာ ပြုလုပ်သွားမည်ဟု သိရပါသည်။

 

Urban Challenges of the 21st Century Tropical City ခေါင်းစဉ်နှင့်ပြုလုပ်သွားမည်ဖြစ်ပြီး သြဂုတ် (၁၇)ရက် နံနက် (၁၀) နာရီမှ (၁၁) နာရီခွဲအထိ Novotel Hotel (Bagan Room) မှာလည်းကောင်း၊ သြဂုတ် (၁၈) ရက်နံနက် (၁၀) နာရီမှ (၁၁) နာရီခွဲအထိ Mandalay Swan Hotel (Yadanar Room) မှာလည်းကောင်းကျင်းပသွားမည်ဖြစ်ပါသည်။

 

ဆွေးနွေးပွဲမှာ James Cook University တွင် Urban Design ဘာသာရပ်ကိုသင်ကြားပေးနေပြီး မြို့ပြစီမံကိန်းများကို လက်တွေ့သုတေသနပြုလုပ်ထားသူ Italian လူမျိုး Lecturer Dr.Simona Azzalia ကမြို့ပြတစ်ခု၏ တိုးတက်မှုနှင့် ပတ်သက်သော အကြောင်းအရာများ၊ (၂၁) ရာစုမြို့ပြစီမံကိန်းတစ်ခု ဖော်ဆောင်ရာတွင် သိသင့်သည့် အကြောင်းအရာများ၊ ခေတ်မီတိုးတက်လာမည့်မြို့ကြီးများအတွက် သယ်ယူပို့ဆောင်ရေးစီမံကိန်းရေးဆွဲသူတို့ရဲ့ မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍများ၊ မြို့ပြတစ်ခုဖြစ်လာစေရန် လိုအပ်သည့် စီမံမှုများနှင့် မြို့ပြပုံစံရေးဆွဲခြင်းများအပြင် တက်ရောက်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်သော အသိပညာဗဟုသုတများကိုပါ မျှဝေသွားမှာဖြစ်ပါသည်။

 

Read More>>>>> ဒွါဒဿမတန်း ပြီးမြောက်သူများ ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမည်

 

တက်ရောက်လိုသူများအနေဖြင့် https://forms.gle/yQmyyfDVhmy63hZb8 တွင်ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

 

STUDY ABROAD Information Centre (ရန်ကုန်ရုံး) ဖုန်းနံပါတ် ၀၉-၅၁၅၁၀၀၈ နှင့် (မန္တလေးရုံး) ဖုန်းနံပါတ် ၀၉-၄၂၀၀၉၉၉၉၇ တွင်လည်း ကြိုတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်ပါသည်။

 

Source: Internet

 

 

Education Read 803 times