Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ်ဆေးသည့် ဆရာ၊ ဆရာမများကို အဖြေလွှာတစ်အုပ်ကို ကျပ် ၁၀၀ ထိ တိုးမြှင့်ပေးမည်

တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ်ဆေးသည့် ဆရာ၊ ဆရာမများကို အဖြေလွှာတစ်အုပ်ကို ကျပ် ၁၀၀ ထိ တိုးမြှင့်ပေးမည်

နှစ်စဉ်တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုထားသော အဖြေလွှာများကို စစ်ဆေးရမည့် အခြေခံပညာမှ အထက်တန်းပြ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများကို စာစစ်ချီးမြှင့်ငွေကို တစ်အုပ်လျှင် ကျပ် ၇၀ မှ ကျပ် ၁၀၀ အထိ တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်းအဖြေလွှာ စာအုပ်များကို စစ်ဆေးရသည့် အထက်တန်းပြများကိုလည်း ဘာသာရပ် ကိုက်ညီမှုများရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

စာစစ်တာကတော့ အခြေခံပညာက ဆရာ၊ ဆရာမတွေက ကျွန်တော်တို့ အဆင့်မြင့်ကျောင်းတွေမှာ လာစစ်တာပါ။ အဲဒီစာစစ်ခကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ဘတ်ဂျက်ကပေးတာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ စစ်ဆေးရပြီး စာစစ်သည့်ရက်ပေါင်း ၁၀ ရက်ရှိကြောင်း အဖြေလွှာစာအုပ်တစ်အုပ်ကို စစ်ဆေးရာတွင် ပထမဆုံးအကြိမ် စစ်ဆေးပြီး၊ Cross Check, Counter Check များဖြင့် သုံးကြိမ်စစ်ဆေးရသည့် ဆရာ၊ ဆရာမများအတွက် နှုန်းထားများ တိုးမြှင့်ပေးအပ်ရခြင်း ဖြစ်သည်။

စစ်တဲ့ဆရာတွေကို ပိုက်ဆံပိုရအောင် အဖြေလွှာစာအုပ်ပိုပြီး တိုးပေးလိုက်ရင် မှားယွင်းမှုတွေ၊ ၀န်တွေပိုလာမှာစိုးတဲ့အတွက် အခြေခံပညာက ဆရာ၊ ဆရာမတွေကို သက်ဆိုင်ရာ စာစစ်မှူးချုပ်တွေက သူတို့ဆီ ရောက်လာတဲ့ အဖြေလွှာစာအုပ် အရေအတွက်နဲ့ အချိုးညီအောင် အကူညီတောင်းရပါတယ်။

၂၀၁၇ ခုနှစ် မတ်လတွင် ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ခုနှစ်သိန်းခွဲကျော် ၀င်ရောက်ဖြေဆိုခဲ့သည့်အတွက် အဖြေလွှာစာအုပ်များကို ယခင်ကထက် ပိုမိုစစ်ဆေးရကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4856 times