Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်ကို အမှတ်ဖြင့် မဆုံးဖြတ်သည့်စနစ်သို့ ပြောင်းရန်အချိန်ယူရဦးမည်

တက္ကသိုလ်ဝင်ခွင့်ကို အမှတ်ဖြင့် မဆုံးဖြတ်သည့်စနစ်သို့ ပြောင်းရန်အချိန်ယူရဦးမည်

တက္ကသိုလ်ဝင်ခွင့်ကို အထက်တန်းစာမေးပွဲရမှတ်ဖြင့် ဆုံးဖြတ်ခြင်းမျိုး မဟုတ်သည့်စနစ်ကို ပြောင်းရန်အချိန်ယူရဦးမည်ဟု ဒေါက်တာမျိုးသိမ်း ကြီးကပြောပါသည်။

 

သြဂုတ်လ () ရက်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်တုတ်က တက္ကသိုလ်ဝင်ခွင့် အခြေခံပညာအထက်တန်းစာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမျိုးမဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့် စနစ်မည်သည့်အချိန်တွင် စတင်မည်ကိုသိလိုခြင်းမေးခွန်းအပေါ် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်းထည့်သွင်း ပြောခြင်းဖြစ်ပါသည်။

 

ပညာရေးဝန်ကြီးဌာန အနေနဲ့ အမျိုးပညာရေးဥပဒေနှင့်အညီ သီးခြားဝင်ခွင့်ခေါ်ယူမည့် တက္ကသိုလ်တွေ သတ်မှတ်ပြီးသက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ သတ်မှတ်ထားချက်များအလိုက် ဝင်ခွင့်ရွေးချယ်ခြင်းအား တိုက်ရိုက်လျှောက်ထားသည့်စနစ်ကိုလည်း အမျိုးသားပညာရေးဥပဒေမှာဖော်ပြထားသည့်အတိုင်း တက္ကသိုလ်တွေကလည်း တက္ကသိုလ် ပဋိညာဉ် စာတမ်းတွေအခုမှ ပြုစုဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် အမျိုးသားပညာရေးဥပဒေနှင့်အညီ ဆောင်ရွက်ဖို့ဆိုတာ အချိန်ယူရဦးမှာဖြစ်ပါတယ်"ဟု၎င်းကပြောပါသည်။

 

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသားဦးရေ (ရှစ်သိန်းသုံးသောင်းကျော်) ဝင်ရောက်ဖြေဆိုခံကြောင်း မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ လက်ခံနိုင်စွမ်းမှာ နေ့သင်တန်းတစ်နှစ်လျှင် ကျောင်းသားဦးရေ တစ်သိန်းခွဲနှင့် အဝေးသင်တက္ကသိုလ်သင်တန်းတစ်နှစ်လျှင် ငါးသိန်းသာရှိကြောင်း ယင်းသို့တက္ကသိုလ်များလက်ခံနိုင်သည့် ကျောင်းသားဦးရေထက်ပိုနေခြင်းမှာ အင်မတန်မှ အရေးကြီးကြောင်း ၄င်းကပြောပါသည်။

 

၂၀၁၈ ခုနှစ်အတွက် သီးခြားဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ် (၁၁) ခုသတ်မှတ်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်အတွက် သီးခြားဝင်ခွင့်ခေါ်ယူသော တက္ကသိုလ် (၁၄) ခုသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ၄င်းကပြောပါသည်။

Read More>>> Food Technology & Microbiology Online သင်တန်း (အပတ်စဉ်-၂) လျှောက်လွှာခေါ်ယူခြင်း

အမျိုးသားပညာရေးဥပဒေပုဒ်မ ၂၈()တွင်တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကိုသင်ယူသူကိုယ်တိုင်ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်းစာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမဟုတ်ဘဲတက်ရောက်လိုသည့် တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီ သတ်မှတ်ထားသော တက္ကသိုလ်စနစ်ကို ကျင့်သုံးရမည်ဟု ပြဌာန်းထားပါသည်။

 

Source: Democracy

News Read 2507 times