Sales Hotline : 09448001653       Download App



လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း လူတွေ့စစ်ဆေးမှု မေလ ၁၁ရက်နေ့ ပြုလုပ်မည်

လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း လူတွေ့စစ်ဆေးမှု မေလ ၁၁ရက်နေ့ ပြုလုပ်မည်

အကုန်လုံးပြီးမှ စာရင်းအတိအကျ ပြောလို့ရမယ်၊ အခုတော့ မရသေးဘူး၊ လူတွေ့စစ်ဆေးတာက မေလထဲမှာလုပ်မယ်၊ သင်တန်းတွေကတော့ ပညာရေးခရိုင်တွေအလိုက် ဖွင့်ပေးမှာပါ။

ယခု ၂၀၁၇-၂၀၁၈ ပညာသင် နှစ်အတွက် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်းတွေကို လာမယ့် ၂၀၁၇ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ စတင်ဖွင့်လှစ်မယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အစိုးရတက္ကသိုလ်တစ်ခုခုက နေ ဘွဲ့ရရှိပြီးသူတွေ လျှောက်ထားနိုင်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း စတဲ့ ဘာ သာရပ်တွေနဲ့ ဘွဲ့ရရှိပြီးသူတွေ လျှောက်ထားခွင့်ရှိမှာ ဖြစ်ပါတယ်။

အစိုးရ တာဝန်ထမ်းဆောင်နေသူတွေလည်း သက်ဆိုင်ရာဌာနရဲ့ ခွင့်ပြုချက်နဲ့ လျှောက်ထားခွင့်ပြုပြီး ရေးဖြေစာမေး ပွဲတွေကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ က စတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အခုခေါ်ယူတဲ့ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင်တန်း ကလေးကြိမ်မြောက် အမှတ်စဉ် (၄/၁၇) သင်တန်းအတွက် ခေါ်ယူ တာဖြစ်ပြီး သင်တန်းကာလ ခြောက်လ ကြာမြင့်ပြီး စာတွေ့လေးလနဲ့ တန်းပြကာလ နှစ်လကြာမြင့်မှာ ဖြစ် ပါတယ်။

သင်တန်းပြီးဆုံးပါက မူလတန်းပြဆရာ ဆရာမတွေအ ဖြစ် ခန့်ထားပေးမယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ကျောက်ဖြူ၊ စစ်ကိုင်း၊ တောင်ကြီး၊ တောင်ငူ၊ ပခုက္ကူ၊ ပုသိမ်၊ ပြည်၊ ဘားအံ၊ ဘိုကလေး၊ မကွေး၊ မော်လမြိုင်၊ မုံရွာ၊ မန္တလေး၊ မိတ္ထီ လာ၊ မြစ်ကြီးနား၊ မြောင်းမြ၊ ရန်ကင်း၊ လှည်းကူး၊သင်္ဃန်းကျွန်း၊ လားရှိုး၊ လွိုင်ကော် စတဲ့ ပညာရေး ကောလိပ်တွေမှာ ပညာရေးခရိုင်တွေအလိုက် ဖွင့်လှစ်သင်ကြားပေးမယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်းမှာ နေ့စားလပေးမူလတန်းပြ ဆရာ ဆရာမဦးရေ ၅၀,ဝ၀ဝ ကျော်ကိုလည်း ခန့်ထားပေးဖို့ စီစဉ်နေပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် လစ်လပ်ဆရာ ဆရာမနေရာ တွေအတွက် သက်ဆိုင်ရာ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့ တွေကနေ ခေါ်ယူခန့်ထားမယ်လို့ သိရပါတယ်။

လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံပညာ ကျောင်းတွေမှာ မူလတန်းပြဆရာ ဆရာမ ဦးရေ ၁၃၆,၇၂၆ ဦးနဲ့ ဖွဲ့စည်းထားပြီးလာမယ့် ပညာသင် နှစ်သုံးနှစအတွင်းမှာ ၁၂၆,၈၅၄ နေရာ ထပ် တိုးခန့်ထားနိုင်ဖို့ လို အပ်တဲ့ နေ့စားလပေး မူလတန်းပြ ဆရာဆရာမတွေ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရ ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 4474 times