Sales Hotline : 09448001653       Download App



ကျောင်းခေါ်ချိန်မပြည့်သူများကို ဖြည့်ဆည်းသင်ကြားပေးရန်ညွှန်ကြား

ကျောင်းခေါ်ချိန်မပြည့်သူများကို ဖြည့်ဆည်းသင်ကြားပေးရန်ညွှန်ကြား

ကျောင်းခေါ်ချိန်မပြည့်သူ၊ တက်မြောက်မှုအားနည်းသူ၊ အခြေခံပညာကျောင်းသား/သူ များအတွက် ဖြည့်ဆည်းသင်ကြားပေးခြင်း (Remedial Education) ကိုဇူလိုင်မှစ၍ ပြုလုပ်ရန် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားထားပါသည်။

 

ယခုပညာသင်နှစ်အတွက် ပထမဆုံးစာမေးပွဲကို ဇူလိုင်အတွင်းကျင်းပမည်ဖြစ်ပြီး ထိုစာမေးပွဲရလဒ်ပေါ်မူတည်၍ ဖြည့်ဆည်းသင်ကြားခြင်း (Remedial Education) ပြုလုပ်မည်ဖြစ်ပါသည်။

 

စာမေးပွဲ စစ်ဆေးခြင်းကို တစ်နှစ်လုံးတွင် () ကြိမ်သာ ဆောင်ရွက်မည့်အပြင် ကျောင်းခေါ်ချိန် မပြည့်သူများ၊ သင်ယူတတ်မြောက်မှု အားနည်းသော ကျောင်းသား/သူ များအတွက် ဖြည့်ဆည်းသင်ကြားခြင်း (Remedial Education)ကိုဇူလိုင်မှစတင်၍ နှစ်ဆုံးစစ်ဆေးခြင်း မတိုင်မီအထိ စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဟု ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားပါသည်။

 

စာမလိုက်နိုင်တဲ့ ကလေးလိုက်နိုင်အောင်၊ ကျောင်းခေါ်ကြိမ်မပြည့်တဲ့ ကလေးကို စာလိုက်နိုင်အောင် ဖြည့်ဆည်းသင်ကြားပေးရမယ်။ အပတ်စဉ် မှန်မှန် Remedial (ဖြည့်ဆည်းသင်ကြားခြင်း) လုပ်ပေးရမယ်။ ထိရောက်မှုရှိဖို့တော့ ဆရာကြီး/ဆရာမကြီးတို့ ကြိုးစားပေးကြပါ " ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးသည် မေလတတိယပတ်တွင် ကျေင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ်ပြောကြားပါသည်။

 

ကျောင်းဖွင့်ပြီး () လအတွင်း ကျောင်းသား/သူများ၏ သင်ယူမှုအခြေအနေကို အကဲဖြတ်ကာ အားနည်းသော ဘာသာရပ်များကို အချိန်ပိုခေါ်ယူပြီးဖြည့်ဆည်းသင်ကြားပေးရန် စီစဉ်ထားသည်ဟု ကျောင်းအုပ်ကြီးများက ဆိုပါသည်။

 

Read More>>>> စင်ကာပူ-မြန်မာသက်မွေး အခမဲ့သင်တန်းကျောင်း ဖွင့်လှစ်မည်

 

ဇူလိုင်လကတည်းက ဖြည့်ဆည်းသင်ကြားရမည်လို့ ပြောထားပါတယ်။ ဒါကနှစ်တိုင်းပါပဲ။ စာမေးပွဲ () ကြိမ်စစ်မယ်။ ပထမအကြိမ် စာမေးပွဲပြီးကတည်းက Remedial (ဖြည့်ဆည်းသင်ကြားခြင်း)” ဟုရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်မှ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောပါသည်။

 

ဖြည့်ဆည်းသင်ကြားသည့်စနစ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က စတင်ခြင်းဖြစ်ပြီး အောက်တိုဘာလအတွင်း ကျင်းပသည့် နှစ်လယ်စာမေးပွဲတွင် အားနည်းသော ဘာသာရပ်အလိုက် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ () လအတွင်း အချိန်ပိုများခေါ်ယူ၍ ဆရာ/ဆရာမများက ပြန်လည်သင်ကြားပေးခဲ့ပါသည်။

 

Source:7Day News

 

Education Read 1122 times