Sales Hotline : 09448001653       Download App



မူလတန်း ဆရာအတတ်ပညာ သင်တန်းဝင်ခွင့် မေလဆန်းတွင် လူတွေ့စစ်ဆေးမည်

မူလတန်း ဆရာအတတ်ပညာ သင်တန်းဝင်ခွင့် မေလဆန်းတွင် လူတွေ့စစ်ဆေးမည်

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းသည် နှစ်စဉ်သင်တန်းသား ငါးထောင်ခန့်ခေါ်ယူပြီး ပညာရေး ကောလိပ်များတွင် ၂ နှစ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပြီး နောက် ဆရာအတတ်ပညာဒီပလို မာရရှိပါက အခြေခံပညာကျောင်း များတွင် မူလတန်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ် သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ ပညာရေးကောလိပ် ၂၂ ခုနှင့် ကျိုင်းတုံကျောင်းခွဲတွင် လက်ရှိသင်ကြားနေသည့် လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာဒီပလိုမာ (DTEd) ပထမနှစ်နှင့် ဒုတိယနှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) မှ သင်တန်းသားစုစုပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရှိကြောင်း သိရသည်။

လာမည့်ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း များ၌ ဆရာလိုအပ်ချက် ငါး သောင်းကျော်ရှိသည့်အနက် မူလတန်းပြဆရာ နှစ်သောင်းခုနစ် ထောင်ကျော် လိုအပ်နေကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းများ အရ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 5736 times