Sales Hotline : 09448001653       Download App



ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ပြည်သူ့နီတိရေးဖြေပြိုင်ပွဲကို ဧပြီလတွင် ကျင်းပမည်

ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ပြည်သူ့နီတိရေးဖြေပြိုင်ပွဲကို ဧပြီလတွင် ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေက ကျောင်းသူကျောင်းသားတွေ အပါအဝင် ကျောင်းပြင်ပ ပညာရေး သင်ကြားနေတဲ့ သူတွေ၊ လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ ကလေးတွေ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

မူလတန်းအဆင့် (အသက် ၅ နှစ် ကနေ ၁၀ နှစ်)၊ အလယ်တန်းအဆင့် (အသက် ၁၀ နှစ် ကနေ ၁၅ နှစ်)၊ အထက်တန်းအဆင့် (အသက် ၁၅ နှစ်ကနေ၂၀ နှစ်) ရှိသူတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အဆင့်သုံး ဆင့်ခွဲကာ ပြိုင်ပွဲကို ပြုလုပ်မည် ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ရောက်ဖြေဆိုလိုသူများအနေဖြင့် လေ့လာနိုင်တဲ့ နမူနာပြ စာစောင်တွေ၊ ရည်ညွှန်းစာပေတွေကို လေ့လာထားရမှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီက ရိုက်နှိပ်ထားတဲ့ ပြည်သူ့နီတိ အသိပညာပေး အထောက်အကူပြု ကဗျာများ၊ ပုံပြင်ဝတ္ထု စာအုပ်တွေအပြင် ပညာရေးဝန်ကြီးဌာနကနေ ပြဋ္ဌာန်းထားတဲ့ ကျောင်းသုံးပြည်သူ့နီတိ သင်ရိုးညွှန်းတန်းနဲ့ စာရိတ္တပညာတွဲဖက်ဝင် သင်ရိုး ဘာသာရပ်အပါအဝင် ပြည်သူ့နီ တိနဲ့ ပတ်သက်တဲ့ ပြင်ပ စာအုပ်စာတမ်းများကိုလည်း လေ့လာမှတ် သားထားဖို့ လိုအပ်ပါတယ်။

ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ပြဋ္ဌာန်းစာအုပ်တွေထဲက အချက်အလက်အပြင် မိမိရဲ့အတွေးအမြင် အသိပညာတွေကိုပါ ပေါင်းစပ်ဖြေဆိုရမှာ ဖြစ်ပါတယ်။

ပြည်သူ့နီတီဆိုတဲ့အတိုင်း ကလေးတွေရဲ့ လိမ္မာယဉ်ကျေးမှု၊ လူ့လောကထဲမှာ မဖြစ်မနေသိထားသင့်တဲ့ ကျင့်ဝတ်တွေကို ကလေးတွေ ဘယ်လောက်စိတ်ဝင်စားလဲဆိုတာ စစ်တဲ့သဘော ဖြစ်ပြီး ဖြေဆိုရမယ့်နေရာကို ထပ်ပြီး ကြေညာမှာ ဖြစ်ပါတယ်။

ပြည်သူ့နီတိရေးဖြေ ပြိုင်ပွဲကို လူငယ်တွေအတွက် အဓိကရည်ရွယ် ကျင်းပတာဖြစ်ပြီး စည်းကမ်းဥပဒေကို လေးစားလိုက်နာမှုရှိဖို့၊ ရိုးသား စွာပြုမူပြောဆိုဆက်ဆံတတ်ဖို့၊ ပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်း တတ်ဖို့၊ ယဉ်ကျေး လိမ္မာမှုရှိဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။

ပြည်သူ့နီတိပြိုင်ပွဲကို ဧပြီလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် ပြိုင်ပွဲအတွက် အသေး စိတ်အချက်အလက်များကို သိရှိလိုပါက မြို့တော်စည်ပင်သာယာရေး ကော်မတီမှာ စုံစမ်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 2050 times