Sales Hotline : 09448001653       Download App



သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းများကို မေလဆန်းပိုင်းမှာ ကျောင်းအပ်လက်ခံမည်

သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းများကို မေလဆန်းပိုင်းမှာ ကျောင်းအပ်လက်ခံမည်

သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းကို ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ် မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး မူလတန်းနဲ့ အလယ်တန်းအဆင့်အတွက် လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်။

အစိုးရကျောင်းတွေနဲ့ ချိတ်ဆက်မှုက ပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုးညွှန်းတမ်းကို လိုက်နာပြီးဆောင်ရွက်ရတဲ့ ကျောင်းဆိုတော့ သူတို့ရဲ့ သင်ရိုးကို လိုက်နာဆောင်ရွက်ရတယ်၊ သူတို့ရဲ့ စစ်ဆေးမှု ကို ခံရတယ်၊ ကျောင်းက ပုဂ္ဂလိက ကျောင်းဖြစ်တော့ ထပ်ဆောင်း သင်ခန်းစာတွေရှိမယ်၊ သူတို့သင်ကြားတဲ့ သင်ရိုးကို အားဖြည့်သင်ကြားပေးတဲ့ ဘာသာရပ်တွေရှိမှာ ဖြစ်ပါတယ်။

ကျောင်းသုံးပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေအပြင် အင်္ဂလိပ်စာ ရေးဖတ်ပြော၊ အိုင်တီပညာရပ်အခြေခံ၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပုစတဲ့ဘာသာရပ်တွေအပြင် အားကစား၊ ယဉ်ကျေးမှု စတဲ့ ဘာသာရပ်တွေကိုပါ ထည့်သွင်း သင်ကြားပေးမှာ ဖြစ် ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အားကစား ဘာသာရပ်အတွက် ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ မြားပစ်၊ ပြေးခုန်ပစ်စတဲ့ အားကစားနည်းတွေကို နည်းပြဆရာတွေနဲ့ စနစ်တကျ သင်ကြားပေးမှာဖြစ်သလို စိုက်ပျိုးရေး၊ ပန်းချီ၊ လက်မှု၊ ဒီဇိုင်းနဲ့ နည်းပညာ၊ ကွန်ပျူတာစတဲ့ ဘာသာရပ်တွေကို လက်တွေ့စနစ်တွေနဲ့ ပေါင်းစပ်သင်ကြားပေးမှာလည်း ဖြစ်ပါတယ်။

ဆရာ၊ ဆရာမတစ်ယောက်ကို ကျောင်းသား ၁၃ ယောက်နှုန်းနဲ့ သင်ကြားပေးမှာပါ။

မေလဆန်းမှာ စတင်လက်ခံမှာ ဖြစ်ပြီး ကျောင်းအပ်ခကတော့ ကေဂျီတန်း (သူငယ်တန်း) နဲ့ ပထမတန်းအတွက် တစ်လကို ကျပ် ၁၅၀,ဝ၀ဝ၊ ဒုတိယတန်းနဲ့ တတိယတန်းအတွက် တစ်လကို ကျပ် ၁၇၀,ဝ၀ဝ၊ စတုတ္ထတန်းနဲ့ ပဉ္စမတန်း၊ ဆဌမတန်းအတွက် ကျပ် ၁၈၀,ဝ၀ဝ၊ သတ္တမတန်းနဲ့ အဌမတန်းအတွက် တစ်လကို ကျောင်းလခကျပ် ၂၀ဝ,ဝ၀ဝ သတ်မှတ်ထားပါတယ်။

သက်ဆိုင်ရာအတန်း အလိုက် ကျောင်းလခရဲ့ ပထမ နှစ်လစာကို ကြို တင် ပေးသွင်းရမှာဖြစ်ပါတယ်။

ကျောင်း အပ်နှံတဲ့ အချိန် မှာ ကျောင်း ဝတ် စုံကြေး၊ ကျောင်းကားဝန် ဆောင်မှု၊ နေ့လယ်စာ ထမင်းဘူးဝန်ဆောင်မှု စတဲ့ ဝန် ဆောင်မှုတွေအတွက် သီးခြားကုန်ကျခံရ မှာ ဖြစ်ပါတယ်။

ကျောင်းအပ်နှံသည့်အခါ လိုအပ်ချက်များ

ကျောင်းအပ်နှံလိုတဲ့သူတွေအနေနဲ့ ကျောင်းပြောင်းလက်မှတ် (TC) မူရင်း၊ မိတ္တူ၊ Monthly Report Card (MRC) မူရင်းနဲ့ မိတ္တူ၊ အလယ်တန်းအဆင့် အတွက် (Comprehensive Personal Record CPR) မူရင်းနဲ့ မိတ္တူ၊ ကေဂျီတန်း အတွက် မွေးစာရင်းမူရင်းနဲ့ မိတ္တူ၊ ကာကွယ်ဆေးထိုး မှတ်တမ်းနဲ့ ကျန်းမာရေးမှတ်တမ်း မိတ္တူ၊ မိဘ၊မွေးချင်း၊ အချက်အလက်တွေနဲ့ မိဘရဲ့ မှတ်ပုံတင်မိတ္တူ ၊အိမ်ထောင် စုစာရင်းမိတ္တူ စတဲ့ စာရွက်စာတမ်းတွေပါရှိဖို့ လိုပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

International/Private Read 1784 times