Sales Hotline : 09448001653       Download App



(၁၀) တန်း အောင်စာရင်းတွင် မန္တလေးတိုင်းဒေသကြီးမှ ဘာသာစုံဂုဏ်ထူးရှင် အများဆုံးထွက်ရှိ

(၁၀) တန်း အောင်စာရင်းတွင် မန္တလေးတိုင်းဒေသကြီးမှ ဘာသာစုံဂုဏ်ထူးရှင် အများဆုံးထွက်ရှိ

၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ အောင်စာရင်းမှာ တစ်နိုင်ငံလုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ ခြောက်ဘာသာဂုဏ်ထူးအများဆုံးနှင့် ဂုဏ်ထူးရှင် (၂၂၀) ဦးအထိရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ် အားလုံးတွင် အများဆုံးဖြစ်ခဲ့ပါတယ်။

 

"တိုင်းအတွင်း စာဖြေဌာန (၂၀၃) ခုမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၁၁၉,၂၁၀) ဦးရှိခဲ့ပါတယ်။ အောင်ချက်ရာခိုင်နှုန်းမှာ (၃၆.၁၃) ရာခိုင်နှုန်းနှင့် ပြည်နယ်အားလုံးတွင် ဒုတိယရရှိခဲ့ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင် ထံမှ သိရပါတယ်။

 

"မန္တလေးတိုင်းဒသကြီးမှာ မနှစ်က (၃၈.၁၇) ရာခိုင်နှုန်းရရှိပြီး တစ်နိုင်ငံလုံးမှာ ပထမရထားခဲ့တာပါ၊ ဒီနှစ်ကတော့နည်းနည်းအောင်ချက်ကျသွားပါတယ်၊ (.၀၄) ရာခိုင်နှုန်းလောက်ကျသွားပါတယ်၊ ဒါကြောင့် (၃၆.၁၃) ရာခိုင်နှုန်းနဲ့ တိုင်းနဲ့ပြည်နယ်တွေထဲမှာ ဒုတိယရခဲ့တာပါ" ဟုမန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ပြောပါတယ်။

 

မန္တလေးတိုင်းဒေသကြီးမှ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုမှာ တစ်ဘာသာ ဂုဏ်ထူးရှင် (၃၈၅၇)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၁၀၅၉)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၆၇၃) ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၆၂၁)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် (၄၉၀)ဦး၊ ခြောက်ဘာသာ ဂုဏ်ထူးရှင် (၂၂၀) ဦး၊ စုစုပေါင်း (၆၉၂၀) ဦးဖြစ်ပြီး ဘာသာရပ်တစ်ခုချင်းစီအလိုက် ဂုဏ်ထူးရရှိမှုမှာ မြန်မာစာ (၁၇၁၂) ဦး၊ အင်္ဂလိပ်စာ (၄၆၅) ဦး၊ သင်္ချာ (၁၈၃၃) ဦး၊ ဓာတုဗေဒ (၂၂၉၃) ဦး၊ ရူပဗေဒ (၂၀၈၅) ဦး၊ ဇီဝဗေဒ (၃၇၄၉) ဦး၊ သမိုင်း (၁၃၉) ဦး၊ ပထဝီ (၃၉၉) ဦး၊ ဘောဂဗေဒ (၁၅၈၂) ဦး၊ စုစုပေါင်း (၁၄,၂၄၈) ဦး ဖြစ်တယ်လို့ သိရပါတယ်။

 

"အခုတော့ ပထမဦးဆုံးအနေနဲ့ ခရိုင်အလိုက်မြို့နယ်အလိုက် အောင်ချက်ကိုစိစစ်ပြီးတော့ အောင်ချက်ရာနှုန်းနည်းနေတဲ့ကျောင်းတွေကို အောင်ချက်မြင့်မားရေးအတွက် ကျောင်းမိသားစုတွေကို အနီးစပ်ဆုံးကျောင်းတွေကနေ အောင်ချက်ကောင်းတဲ့ ကျောင်းတွေနဲ့ တွဲဖက်ပြီး အောင်ချက်မြင့်မားရေးအတွက် ဆက်လက်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်" လို့ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ပြောပါတယ်။

 

Read More: အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ ဝင်ခွင့်ပြု အနိမ့်ဆုံးမှတ်

 

၎င်းအနေနဲ့ တစ်နှစ်ပတ်လုံးစာကြိုးစားခဲ့တာဖြစ်ပြီး ကိုးတန်းဖြေပြီး ကတည်းက ခက်ဆစ်တွေကိုလည်းကျက်မှတ်ခဲ့ပြီး လက်တာ၊ အက်ဆေးတွေဆိုရင်လည်းလေ့ကျင့်ခဲ့တာဖြစ်တယ်လို့ မန္တလေးမြို့ကတစ်နိုင်ငံလုံး အဆင့်ခြောက်ရရှိခဲ့တဲ့ မငြိမ်းအိအိစံက ဆိုပါတယ်။

 

မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) မှာ ၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အကျဉ်းသူ၊ အကျဉ်းသား (၇၁) ဦးအနက် (၃၇) ဦးအောင်မြင်ခဲ့သည်ဟုသိရပါတယ်။

 

Source: ကုမုဒြာ

 

 

News Read 1436 times