Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းဖြေပြီးသူတွေအတွက် အင်္ဂလိပ်စာနဲ့ လူငယ်ခေါင်းဆောင်မှု သင်တန်းများကို အခမဲ့တက်ရောက်နိုင်

တက္ကသိုလ်ဝင်တန်းဖြေပြီးသူတွေအတွက် အင်္ဂလိပ်စာနဲ့ လူငယ်ခေါင်းဆောင်မှု သင်တန်းများကို အခမဲ့တက်ရောက်နိုင်

လူငယ်တွေအတွက် အင်္ဂလိပ်စာအခြေခံဘာသာရပ်ဖြစ်တဲ့ အင်္ဂလိပ်စာရေးသားနည်း၊ နားထောင်မှုနဲ့ မှတ်တမ်းတင်မှုစွမ်းရည်၊ အဖတ်စွမ်းရည်၊ ဝေါဟာရ ကြွယ်ဝမှုနဲ့ TOEFL, General English Skill စတဲ့ဘာသာရပ်တွေကို သင်ယူရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်မှုဆိုင်ရာဘာသာရပ်အတွက် စဉ်းစားဝေဖန်နိုင်မှု (Critical Thinking)၊ ခေါင်းဆောင်မှု (Personal Development)၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှု (Emotional Intelligence) နဲ့ စိတ်ပိုင်းဆိုင်ရာဉာဏ်ပညာ  စတဲ့ ဘာသာရပ်တွေ လေ့လာရမှာဖြစ်ပါတယ်။

လက်တွေ့ဘဝမှာကြုံတွေ့ရမယ့် အခြေအနေအရပ်ရပ်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အရည်အသွေးတွေ ဖြစ်ပေါ်လာအောင် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ထိုပရိုဂရမ်ကို မေလ ၁၅ ရက် နေ့က နေ ဇွန်လ ၂၃ ရက်နေ့အထိ တစ်ကြိမ်၊ ဇွန်လ ၂၆ ရက်နေ့ကနေ ဩဂုတ်လ ၄ ရက်နေ့အထိ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်သင်ကြားပေးမှာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းပြီးထားသူတွေနဲ့ IGCSE ဖြေဆိုပြီး ကျောင်းသူ ကျောင်းသားတွေ လျှောက်ထားနိုင်ပြီး တက်ရောက်လိုတဲ့သူတွေအနေနဲ့ Connect Institute မှာ အင်တာဗျူးဖြေဆိုရမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ခွင့်ရသူတွေအနေနဲ့ သင်တန်း ပြီးဆုံးအောင်တက်ရောက်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက အသိအမှတ်ပြု လက်မှတ်ပေးအပ်မှာဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူတွေက ကြိုတင်စရန်ငွေ အမေရိကန်ဒေါ်လာ ၅၀ သွင်းပေး ရမှာ ဖြစ်ပါတယ်။

သင်တန်းပြီးဆုံးပါက အဲသည်စရန်ငွေကို ပြန်လည်ထုတ်ပေးမှာ ဖြစ်ပြီး ကြိုတင် စာရင်းပေးသွင်းရမှာဖြစ်ပြီး ဖြစ်ပါတယ်။

Contact Detail

ဝ၉ ၇၇၉၀ဝ၀၉၀ဝ

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

News Read 3528 times