Sales Hotline : 09448001653       Download App



ထူးထူးခြားခြား တက္ကသိုလ်ဝင်တန်းအောင်မြင်သွားကြသူများ

ထူးထူးခြားခြား တက္ကသိုလ်ဝင်တန်းအောင်မြင်သွားကြသူများ

ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ ပထမအောင်ချက်အများဆုံး အောင်ဆန်းသူရိယလှသောင်း၊ (၈၈.၀၅%) ဖြစ်ပါတယ်။

 

ဒုတိယအောင်ချက်အများဆုံးကတော့ TTC (ကမာရွတ်) ကျောင်းပါ (၈၆.၀၂%) ဖြစ်ပါတယ်။

 

ထပ်မံပြီးသိရှိရတာကတော့ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ သိပ္ပံဘာသာတွဲ မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရရှိသွားသူ မော်ကျော်လင်းသန်း၊ ရမှတ်ပေါင်း (၅၅၅) (အထက ၄ အလုံ) ၊ရန်ကုန်တိုင်းဒေသကြီး မှဖြစ်ပါတယ်။

 

မောင်ကျော်လင်းသန်းသည် လူရည်ချွန်သုံးထပ်ကွမ်းရရှိခဲ့သူဖြစ်ပါတယ်။

 

ထူးထူးခြားခြားအဆန်းတစ်ခုကတော့ ဗုဒ္ဓစာပေ သင်ယူဖို့သာ သာသနာ့တာဝန်ကို ထမ်းရွက်ဖို့ ရဟန်းပြုလာသူ ထီးလင်းမြေမှ မောင်အောင်ကောင်းဆက်ပါ။ ၄င်းကျောင်းသားသည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းမှာ (မလ-၄၁၂) ခုံအမှတ်ဖြင့် ဘာသာစုံဂုဏ်ထူးဖြင့် မလှိုင်မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပါတယ်။

 

ထီးလင်းမြို့နယ်ရဲ့ဂုဏ်ကို ဆောင်နိုင်လို့ အတိုင်းမသိဂုဏ်ယူမိပါတယ်။

 

ပိုပြီးဂုဏ်ယူရသည်မှာ အောင်စာရင်းမထွက်ခင်ကပင် ပြတ်ပြတ်သားသား သာသနာ့ဝန်ထမ်း အဖြစ်ခံယူကာ ရှင်ကုဏ္ဍအဖြစ် စစ်ကိုင်းမြစကြာ စာသင်တိုက်တွင် ဗုဒ္ဓစာပေများကို သင်ယူနေပါတယ်။

 

 

နယ်ကျောင်းသားတွေ တော်ချက်ကလဲ ကောင်းလှပါတယ်။ ဦးဝင်မြင့်၊ ဒေါ်ကြေးမုံအောင် (သမီး) မအေးအေးမြင့်အောင်၊ အမှတ် (၅) ရပ်ကွက်၊ မြင်းခြံမြို့မှ ကျောင်းသူသည် ဘာသာစုံဂုဏ်ထူးဖြင့် မန္တလေးတိုင်း Top 10 စာရင်းဝင်ကာ ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ မန္တလေးတိုင်း ဂုဏ်ဆောင်သူကျောင်းသူလေး မအေးအေးမြင့်အောင် ဖြစ်ပါတယ်။

 

အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူများစွာရှိပါတယ်။ အင်းစိန်၊ အိုးဘိုနှင့် တောင်ငူ အကျဉ်းထောင်သုံးခုသာ အောင်မြင်ခဲ့ပြီး အင်းစိန် အကျဉ်းထောင်မှ အောင်ချက် (၇၁) ရာခိုင်နှုန်းဖြင့် အများဆုံးအောင်မြင်ခဲ့ပါတယ်။

 

ဆလိုင်းဇော်ဘွေးလျန် ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီ မြို့နယ်မှလဲ (၆) ဘာသာဂုဏ်ထူးရှင် ထွကပေါ်လာပါသေးတယ်။

 

အလွန်ထူးထူးအောင်မြင်သူ တစ်ယောက်မှာ ကျူရှင်မယူဘဲ တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာဘာသာတွဲမှာ အမှတ်အများဆုံး ရခဲ့သူ မသဇင်ဝင်း၊ ရမှတ်စုစုပေါင်း (၄၉၃) အထက၊ ကောက်တဲ့ရိုး၊ ကျုံပျော်၊ ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်ပါတယ်။

 

ပြင်ပကျူရှင်မယူဘဲ အောင်မြင်ခဲ့တာပါ မသိတဲ့စာတွေကို ကျောင်းက ဆရာတွေကို မေးပါတယ်။ တစ်နေ့စာတစ်နေ့ ပြီးအောင်ကျက်မှတ်တယ်။ ကြိုးစားအားထုတ်မှု အလွန်ကောင်းမွန်ခဲ့လို အခုလိုအောင်မြင်ခဲ့တာပါလို့ပါတယ် သိရပါတယ်။

 

Tips Read 1221 times