Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) အောင်စာရင်း (၈) ရက်နေ့(စနေနေ့) ထုတ်ပြန်မည်

တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) အောင်စာရင်း (၈) ရက်နေ့(စနေနေ့) ထုတ်ပြန်မည်

**၂၀၁၉ ခုနှစ် တက္ကသိုလ်တန်းစာမေးပွဲ အောင်စာရင်းများကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် အချိန်နှင့်တစ်ပြေးညီ ကပ်ထားမည်ဟုသိရပါတယ်။


**ကြည်ရှု့မှုလွယ်ကူစေရန် မိမိတို့ဖြေဆိုခဲ့သည့်ကျောင်းများတွင်လည်းကောင်း


**မြို့နယ်အသီးသီးရှိ ပညာရေးမှူးရုံးများတွင်လည်းကောင်း


**သက်ဆိုင်တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင်လည်းကောင်း


**မြန်မာနိုင်ငံစာစစ်ဌာနများတွင်လည်းကောင်း


**ပညာရေးဝန်ကြီးဌာန၏ Website တွင်လည်းကောင်း


**မြန်မာနိုင်ငံစာစစ်ဌာန၏ Website တွင်လည်းကောင်း ကြည့်ရှုနိုင်ပါတယ်။


 

Read More: " ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို အောက်ပါနေရာများတွင်ဝင်ရာက်ကြည့်ရှုနိုင်ပါသည် 

 

**၁၀ တန်းအောင်စာရင်းကျောင်းများတွင်ကပ်တဲ့လုပ်ငန်းစဉ်ကို ဗဟုသုတအဖြင့် ဖတ်ရှုနိုင်ရန်တင်ပြအပ်ပါတယ်**

 

- ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်အတွက် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုလုံး၏ အောင်စာရင်း (၁) စုံ

- တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးအတွက် တိုင်းဒေသကြီးတစ်ခုလုံး/ပြည်နယ်တစ်ခုလုံး၏ အောင်စာရင်း (၁) စုံ

- တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ခရိုင်များအတွက် မှတ်တမ်းထားရန် ခရိုင် အလိုက်အောင်စာရင်း (၁) စုံ

- သက်ဆိုင်ရာဌာနအသီးသီးရှိ ကျောင်းသင်ပုန်းများတွင် ကပ်ထားရန် (၁) စုံ

 

ဒါ့အပြင် သက်ဆိုင်ရာစာစစ်ဌာနတွင် ကပ်ထားရန် (၁) စုံ၊ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် ကပ်ထားရန် (၁) စုံ၊ ထောက်ခံစာပေးနိုင်ရန် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများအတွက် (၁) စုံ၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ထောက်ခံစာထုတ်ပေးရန်အတွက် မြို့နယ်ပညာရေးမှူးများမှ တစ်ဆင့်ခွဲဝေပေးရန် (၁) စုံ ထားရှိမည်ဖြစ်ပါတယ်။

အောင်စာရင်းများကို မြို့နယ်အလိုက်၊ စာစစ်ဌာနအလိုက် အသီးသီးခွဲခြားကာ ချိတ်ပိတ်၍ ကြိုတင်ပေးပို့လိုက်ခြင်းဖြစ်ရာ အောင်စာရင်းထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် အချိန်မှသာ ၄င်းချိတ်ပိတ်အိတ်များဖွင့်၍ အောင်စာရင်းများကို နံနက် (၆း၀၀) အချိန်တွင် အဆင်သင့် ကပ်ထားပြီး ဖြစ်နေစေရန် သက်ဆိုင်ရာအဆင့်ဆင့်တာဝန်ရှိသူများအား အထူးဂရုပြုကာ ဆောင်ရွက်ရန် အကြောင်းကြားထားကြောင်းသိရပါတယ်။

 

 

Source:(ပညာရေးဝန်ကြီးဌာန) (မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)

 

 

News Read 2321 times