Sales Hotline : 09448001653       Download App



သင်္ချာမေးခွန်းမပြည့်စုံခြင်းကြောင့် ကျောင်းသားများ နစ်နာမှုမရှိစေအောင် ဆောင်ရွက်ပေးမည်ဟုဆို

သင်္ချာမေးခွန်းမပြည့်စုံခြင်းကြောင့် ကျောင်းသားများ နစ်နာမှုမရှိစေအောင် ဆောင်ရွက်ပေးမည်ဟုဆို

သင်္ချာဘာသာရပ် မေးခွန်းတွင် မေးခွန်းအမှတ်စဉ် ၂၄ သုံးမှတ်တန် မေးခွန်းအမှတ်စဉ် ၄နှင့် ငါးမှတ်တန်မေးခွန်း ၇ (a) နှင့် (b) ၊ အမှတ်စဉ် ၈ (a) နှင့် (b) တို့တွင် စုစုပေါင်းအမှတ် ၂၄ မှတ်ဖိုးပေးထားချက် မပြည့်စုံမှု ဖြစ်ပေါ်ခဲ့ကြောင်း သင်္ချာဘာသာရပ် သင်ကြားနေသော ဆရာများက ဝေဖန်ထောက်ပြခဲ့ကြပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အခုလက်ရှိတော့ ဘာမှ ပြောလို့မရသေးဘူး။ မေးခွန်းမှာ ပေးထားချက် မပြည့်စုံတဲ့အတွက် ကျောင်းသားတွေ မတွက်နိုင်တာ မျိုးတွေ ရှိခဲ့တဲ့အတွက် နစ်နာ မှုမရှိအောင် လုပ်ပေးမယ်။ အဖြေလွှာတွေ မစစ်ဆေးခင် စာစစ် မှူးချုပ်တွေ သဘောတူညီရင် ဒီပုစ္ဆာတွေအတွက် အမှတ်ပေးမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မတ်လ ၁၀ ရက်က စစ်ဆေး ခဲ့သော စာမေးပွဲတွင် သင်္ချာဘာ သာရပ်ဖြေဆိုပြီးနောက် ကျောင်း သားအချို့သည် ဖြေဆိုခဲ့သည့် မေးခွန်းများကို ဆရာနှင့် အဖြေရလဒ်များ ပြန်လည်စစ်ဆေး ကြည့်ရှုရာမှ မေးခွန်းအားနည်းချက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မေးခွန်းမှာ ထောင့်စေ့ အောင် မထည့်ထားတဲ့အတွက် ပုစ္ဆာမှားတာတော့မဟုတ်ဘူး။ သီ အိုရီ မှားနေတာ၊ သင်္ချာရှုထောင့် က ကြည့်မယ်ဆိုရင် မပြည့်စုံတဲ့ မေးခွန်းဖြစ်နေတယ်။ သီအိုရီသဘောတရားအရဆိုရင် မှားတယ် လို့ ပြောလို့ရတယ်။

မေးခွန်းက လိုချင်တဲ့နေရာကို မရောက်ဘူး။ ပြည့်စုံလုံလောက်တဲ့ အခြေအနေ မပါဘူး။ ပုစ္ဆာဆင်တာ မှားနေခြင်း ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 16013 times