Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်မည့်ရက် သတင်းစာများတွင် ထုတ်ပြန်မှသာအတည်ဖြစ်မည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်မည့်ရက် သတင်းစာများတွင် ထုတ်ပြန်မှသာအတည်ဖြစ်မည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်မည့်ရက်ကို နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်အသိပေးကြေညာမှသာ အတည်ဖြစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနမှ အကြီးတန်းအရာရှိတစ်ဦးထံမှ သိရပါသည်။

 

“ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်မည့်ရက်က နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ပေးသွားမှာပါ။ နိုင်ငံပိုင်သတင်းစာတွေမှာမပါသေးဘဲ လူမှုကွန်ရက် စာမျက်နှာတွေမှာပါနေတာတွေက ကျွန်တော်တို့လည်း မသိသေးဘဲ ထွက်နေတာတွေဖြစ်တယ်။ အတည်ယူလို့တော့မရပါဘူး။ အခုချိန်မှာအောင်စာရင်းထွက်မယ့်ရက်ကို အတိအကျမထုတ်ပြန်ရသေးပါဘူး" ဟုမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဘုတ်အဖွဲ့များမှ တာဝန်ရှိသူများစုရုံးကာ စခန်းသွင်း၍ အမှတ်စာရင်း လက်ခံမှုများနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်ဆဲ ရှိသေးကြောင်းသိရပါသည်။

 

Read More: "ပညာသင်စရိတ်အခမဲ့ Mobile School များထပ်မံတိုးမြှင့်ရန်စီစဉ်

 

လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများတွင် ဇွန် (၂) ရက် နံနက် (၆) နာရီတွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ရေးသားဖော်ပြချက်များနှင့် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည့်အပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရေးသားဖော်ပြချက်များရှိနေကြောင်း၊ ယင်းဖော်ပြချက်များကြောင့် အများပြည်သူများအကြားတွင် ကောလဟလပြောဆို မှုများရှိနေကြောင်းသိရပါသည်။

 

တစ်နိုင်ငံလုံးအောင်စာရင်းထွက်မည့်ရက်ကို ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှုနှင့် အတူ နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရပါသည်။

 

Source: မြဝတီ

 

 

News Read 2718 times