Sales Hotline : 09448001653       Download App



ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ သင်တန်းများ

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ သင်တန်းများ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမာန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနဲ့ မြန်မာဘာသာသင်တန်းများကို တတ်ရောက်နိုင်ပါတယ်။ YUFL သို့တတ်မယ်ဆိုရင် အွန်လိုင်းကနေပဲလျှောက်ထားရမှာဖြစ်ပါတယ်။ တတ်ရောက်လိုသူတွေဟာ သတ်မှတ်ထားတဲ့ရက်မှာ www.yufl.edu.mm/chrd သို့ဝင်ရောက်ပြီး မြန်မာကျောင်းသား၊ ကျောင်းသူတွေဆိုရင် Local Student Button ကို နှိပ်ကာဖောင်ဖြည့်ရမှာဖြစ်ပြီး နိုင်ငံခြားသားကျောင်းသာ၊ ကျောင်းသူတွေဆိုရင် intern-ational student button ကိုနှိပ်ကာဖြည့်စွက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ အင်္ဂလိပ်ဘာသာ ၃ လ၊ ကျန်ဘာသာတွေအနေနဲ့ကတော့ ၆ လကြာမြင့်မှာဖြစ်ပါတယ်။

 

အချိန်ပိုင်း၊ အချိန်ပြည့် မဟာဝိဇ္ဇာအချိန်ပြည့်သင်တန်းတွေဖြစ်တဲ့ အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်းအချိန်ပြည့် ၂ နှစ်သင်တန်း၊ အင်္ဂလိပ်ဘာသာဒီပလိုမာ ၁ နှစ်သင်တန်း၊ အီတာလျံအချိန်ပြည့် ၂ နှစ်သင်တန်း၊ အထွေထွေဘာသာဗေဒအချိန်ပိုင်း ၂ နှစ်သင်တန်းနှင့် အချိန်ပိုင်း ၄ နှစ်သင်တန်းတွေဖြစ်တဲ့ တရုတ်၊ပြင်သစ်၊ဂျာမာန်၊ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းဘာသာသင်တန်းတွေကိုလည်း ဖွင့်လှစ်လျက်ရှိပါတယ်။

 

သင်တန်းဝင်ခွင့်အတွက်လိုအပ်ချက်တွေကတော့ မဟာဝိဇ္ဇာ (အင်္ဂလိပ်ဘာသာကိုနိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်း) ပထမနှစ်သင်တန်းတတ်ရောက်ရန်အတွက် သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ ပြည့်စုံသူ၊ ဒီပလိုမာဘွဲ့သင်တန်းတွေအတွက် နိုင်ငံတော်ကအသိအမှတ်ပြုထားတဲ့ ၀ိဇ္ဇာဘွဲ့တစ်ခုခုရရှိထားသူ၊ အခြားဘွဲ့ရရှိထားသူတွေအနေနဲ့လည်း ဒီဘာသာစကားသင်ကြားသူများ၊ သတင်းမီဒီယာလုပ်ငန်းဆောင်ရွက်နေသူများ) လည်း လျှောက်ထားနိုင်ပါတယ်။

 

source - internet journal

University / College Read 1672 times