Sales Hotline : 09448001653       Download App



ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲခန်းမှာ ဘောလ်ပင် အသုံးမမှားဖို့ သတိပြုပါ

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲခန်းမှာ ဘောလ်ပင် အသုံးမမှားဖို့ သတိပြုပါ

တစ်ချို့ဘောလ်ပင်တွေက မင်ဖျက်ဆေးသုံးစရာမလိုဘဲ ဘောလ်ပင်မှာပါတဲ့ ခဲဖျက် လိုဟာနဲ့ ဖျက်လိုက်ရင်ပျက်တယ်ဆိုလို့ ဝယ်သုံးကြည့်တယ်၊ ရေးထားတဲ့မင်တွေကို ဖျက်လို့ရတယ်၊ ဒါပေမယ့် အသုံးမခံဘူး၊ မင်က ချက်ချင်းဆိုသလို ကုန်သွားသလိုမျိုး ဖြစ်သွားတယ်။

အဲဒီ ဘောလ်ပင်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကလေးတွေနဲ့ ကျောင်းသား မိဘတွေ သုံးစွဲခြင်းမပြုအောင် သတိပေး ရေးသားထားတာတွေကို တွေ့ရပါတယ်။

အခြေခံပညာ ဆရာ ဆရာမများ ရင်ဖွင့်ရာ လူမှုကွန်ရက်စာမျက်နှာမှာ စူပါမားကတ် တွေမှာ မင်နဲ့ရေးပြီး ဖျက်လို့ရတဲ့ (ခဲဖျက်လိုဖျက်စရာပါတဲ့) ဘောလ်ပင်တစ်မျိုးရှိပါတယ်။

အဲဒီ ဘောလ်ပင်ရဲ့ အားနည်းချက်က စာရွက်ပေါ်မှာရေးပြီး သတ်မှတ်အပူချိန်ကျော်လွန်ပါက အလိုအလျောက် မှေးမှိန်ပျောက်ကွယ်သွားနိုင်ကြောင်းလေ့လာသိရှိရပါတယ်။

ထို့ကြောင့် အဲဒီဘောလ်ပင်နဲ့ ရေးသားဖြေဆိုမိမယ်ဆိုရင် အဖြေလွှာတွေထုပ်ပိုးထားတဲ့ အပူချိန်ကြောင့် စာတွေ ပျက်ပြယ်ပါက ကျောင်းသား၊ ကျောင်းသူများအတွက် နစ်နာ မှုတွေရှိလာနိုင်တာကြောင့် အဲဒီဘောလ်ပင်ကို စာမေးပွဲဖြေဆိုတဲ့အခါ မသုံးမိစေဖို့ အသိပေးအပ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အဲဒီဘောလ်ပင် အမျိုးအစားတွေကို စာချုပ်အတုတွေ ပြုလုပ်တဲ့အခါမှာအသုံးပြုကြပြီး မင်ကလည်း အသုံးမခံဘူးလို့သိရပါတယ်။

ကျောင်းသား ၆၀ လောက် ရဲ့ ရီပို့ကတ်အမှတ်တွေဖြည့်တာတန်းပြီး ကုန်သွားတယ်၊ လုံးဝအသုံးမခံဘူး၊ ကျောင်းသားတွေကိုလည်း ဝယ်မသုံးမိအောင် သတိပေးချင်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို လာမယ့် မတ်လ ၈ ရက်နေ့မှာ စတင်ဖြေ ဆိုရမှာ ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ ကျောင်းသူ ကျောင်းသားဦးရေ ၉၆၀,ဝ၀ဝ ကျော်ဖြေဆိုဖို့ စာရင်းပေးသွင်းထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စာရင်းတွေအသိရပါတယ်။

Source: kumudra journal

News Read 2744 times