Sales Hotline : 09448001653       Download App



“အဌမတန်းအောင်မြင်ပြီးသူများအစိုးရနည်းပညာအထက်တန်းကျောင်း မေလ တွင်စတင်လျှောက်ထားနိုင်”

“အဌမတန်းအောင်မြင်ပြီးသူများအစိုးရနည်းပညာအထက်တန်းကျောင်း မေလ တွင်စတင်လျှောက်ထားနိုင်”

အခြေခံ ပညာအလယ်တန်းအဆင့် အဌမတန်းအောင်မြင်ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်းတက်ရောက်လိုသူများ မေ ၂ ရက်မှ ၁၆ ရက်အထိ သက်ဆိုင်ရာဒေသရှိ ကျောင်းများတွင် ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း၏ ပြောဆိုချက်အရ သိရှိရပါသည်။

“ အဌမတန်း အောင်မြင်ပြီးသူတိုင်း နည်းပညာအထက်တန်းကျောင်းတွေမှာ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်မှာနည်းပညာအထက်တန်း ကျောင်းပေါင်း ၃၅ ကျောင်းရှိပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရနည်းပညာအထက်တန်းကျောင်း ၃၅ ကျောင်းစလုံးမှာ ဝင်ရောက်လျှောက်ထားလို့ရပါသည်။ အဓိကမှာ အဌမတန်း အောင်မြင်သူဖြစ်ရမည်။ အဌမတန်း အောင်မြင်ကြောင်း အထောက်အထားပြနိုင်ရပါမည်” ဟုဒေါက်တာနေမျိုးထွန်းမှ ပြောခဲ့ပါသည်။

အဆိုပါကျောင်းတွင် အင်ဂျင်နီယာပညာရပ်ကို အခြေခံသည့် သင်ခန်းစာများ သင်ကြားပေးမည်ဖြစ်ပါသည်။ နည်းပညာအထက်တန်းကျောင်းများတွင် ဘာသာရပ်ပေါင်း ခုနစ်ခုရှိပြီး (၂) နှစ်တက်ရောက်ရမည်ဖြစ်ပြီး ထူးချွန်သည့်ကျောင်းသား/ကျောင်းသူများ အနေဖြင့် အစိုးရစက်မှုလက်မှု သိပ္ပံကို တက်ရောက်ခွင့်ရမည် ဖြစ်ကြောင်းသိရပါသည်။

“အခုလို နည်းပညာကျောင်းတွေမှာ သင်ကြားပေးတဲ့အခါ ဆင်းရဲတဲ့ကလေးတွေ ပညာသင်ဆုလျှောက်ထားရင် တစ်လကို ငွေကျပ် (၃) သောင်း ထောက်ပံ့ပါသည်။သူတို့မိဘတွေအတွက် ကုန်ကျစရိတ်လည်းသက်သာမှာဖြစ်ပါသည်။ ကျွန်တော်တို့ဆီက တစ်နှစ်ပြီးလျှင်ထူးချွန်တဲ့ကလေးများသည် GTI လည်းတက်ရောက်ခွင့်ရမည် ဖြစ်သောကြောင့် အခွင့်အရေးကောင်းဖြစ်ပါသည်။ သင်တန်းပြီးဆုံးသွားလျှင် လုပ်ငန်းခွင်မှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ သင်တန်းကြေးပေးသွင်းရခြင်းမရှိပါ” ဟုဒေါက်တာနေမျိုးထွန်းက ပြောပါသည်။

အဆိုပါကျောင်းကို (၂) နှစ်တက်ရမည်ဖြစ်ပြီး(၂) နှစ် သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ပါက AGTI ပထမနှစ် သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်ပြီး အစိုးရနည်းပညာအထက်တန်း၏ အောင်လက်မှတ်ရရှိပါက အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် စက်မှုလက်မှု ကျွမ်းကျင်လုပ်သားများအဖြစ် အလုပ်အကိုင်လျှောက် ထားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

Source: မြဝတီ

News Read 6826 times